26 July 2026 3:25 PM

ရဲကင်းအနီးရှိ ကုန်တင်မော်တော် ၁ စီး ဓါးပြတိုက်ခံရလို့ ကျပ်သိန်း ၆၀၀ ကျော်ဆုံးရှုံး

0 41
0 41

မုံရွာ၊ ဩဂုတ် ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာဝတီဆိပ်ကမ်းမှာ ကုန်တင်မော်တော် ၁ စီး ဓားပြတိုက်ခံရကာ ကျပ်သိန်း ၆၀၀ ကျော်ဆုံးရှုံးသွားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဩဂုတ် ၂၇ ရက်ည ၈ နာရီမှာ “မုံရွာနိုင်လူချစ်” မော်တော်ရေယာဥ်အသင်းဝင်တွေထဲက ကုန်တင်မော်တော်တစီးဟာ ဆိပ်ကမ်းမှာရပ်နားထားစဥ် လက်နက်ကိုင် အမျိုးသား ၃ ဦးက မော်တော်ပိုင်ရှင်ကို ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

“မော်တော်ပိုင်ရှင်ဆီက တိုက်သွားတာ။ ပိုင်ရှင်က ညအိပ်တာ။ အခုချိန်ထိတော့မမိသေးဘူး။ တိုက်ခံရတာက သလ္လာဝတီလှည်းဆိပ်ရဲကင်းနားရပ်ထားတဲ့မော်တော်ပါ။ အဲ့ပတ်ချာလည်မှာလည်း မော်တော်တွေရပ်ထားတာရှိတာဘဲ။ အဓိက ဒီကောင်တွေတခုခုအတွင်းလူပါလို့ ပိုက်ဆံရှိတာသိလို့ တိုက်သွားတဲ့သဘောပဲ”လို့ မုံရွာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဓားပြတိုက်ခံရလို့ မော်တော်ပိုင်ရှင်ဆီက ရွေထည်နဲ့ငွေ ကာလတန်ဖိုး ကျပ်သိန်း ၆၀၀ ကျော်ပါသွားတယ်လို့ သိရပါတယ်။

ဓါးပြတိုက်ခံရတဲ့ ကုန်တင်မော်တော်ရပ်ထားတဲ့နေရာနဲ့ မီတာ ၁၀၀ ခန့်အကွာမှာ သလ္လာဝတီ လှည်းဆိပ်ရဲကင်းရှိပြီး ဓါးပြတိုက်သူတွေကိုတော့ ဩဂုတ် ၂၉ ရက် ဒီကနေ့အထိ ဖမ်းမိတာမျိုးမရှိသေးဘူး လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာ ၂၆ ရက်ကလည်း မုံရွာမြို့၊ မြဝတီရပ်ကွက်၊ မေတ္တာလမ်းသွယ် ၁ ရှိ နဝရတ်ရွှေဆိုင်အိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်းတသောင်းကျော်ဖိုး ရွှေထည်ပစ္စည်းတွေ ဆုံးရှုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။