ရေနွေးအိုးတည်ရင်း မီးလောင်လို့ အိမ် ၃၀ နီးပါး မီးလောင်ဆုံးရှုံး

0 4
0 4

စလင်း၊ မတ် ၂၃၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရဲ့ အနောက်ဘက် သုံးမိုင်ခန့်က ရွာတစ်ရွာဖြစ်တဲ့ ပိန္နဲပင်ရွာမှာ မီးလောင်မှုကြောင့် နေအိမ် ၃၀ နီးပါး မီးလောင်ပျက်ဆီးခဲ့ပါတယ်။

မတ်လ ၂၃ ရက် ဒီနေ့ညနေ ၅ နာရီမှာ ထင်းမီးနဲ့ ရေနွေးအိုးတည်ရင်းကနေ စပြီးလောင်တာလို့ ဒေသခံတဦးက ဆိုပါတယ်။

“သူက တဦးတည်းနေတာ။ အိမ်မှာ ရေနွေးအိုးတည်ထားပြီး အပြင်သွားတာကနေ စလောင်တာပဲ။ သူပြန်မရောက်ခင်မှာပဲ မီးက ကြီးနေပြီ။ ညနေပိုင်းက လေတအားတိုက်တော့ မီးက ထိန်းမရတော့ဘဲ တခြားအိမ်တွေပါ ကူးတာ” လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ အိမ်ပိုင်ရှင်ကိုတော့ မီးလောင်နေစဉ်မှာပဲ ရဲတွေ လာရောက်ဖမ်းဆီးသွားပါတယ်။

မီးလောင်မှုကြောင့် ဒေသခံတွေရဲ့ သိုလှောင်ထားတဲ့ ဆန်၊ စပါး တွေ အဓိက ဆုံးရှုံးခဲ့ရပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ စပါးကျီက လုံးဝ ပြာကျသွားတာ၊ တိုင်ပဲကျန်တော့တယ်။ စပါး ၂၀၀ လောက်နဲ့ ဆန်အိတ် ၅၀ နီးပါး ပါသွားတယ်။ ခေတ်ပျက်ထဲမှာ ကပ်ဆိုက်တာပဲဗျာ” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ညနေ ၅ နာရီခွဲခန့်မှာ မီးစတင် လောင်ခဲ့တာဖြစ်ပြီး မီးသတ်ကား ၄စီးနဲ့ လာရောက်ငြိမ်းသတ်ခဲ့လို့ ည ၈ နာရီခွဲခန့်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။