ပေါက်မှာ စစ်ကော်မရှင်တပ်က နေအိမ် ၆ လုံးကိုမီးရှို့ပြီး အမျိုးသား ၁ ဦးကိုဖမ်းဆီး

0 30
0 30

ပေါက်၊ ဩဂုတ် ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်အရှေ့ပိုင်း၊ ပေခုနှစ်ပင်ရွာကို ဩဂုတ် ၂၅ ရက် ဒီမနက် ၉ နာရီကျော်မှာ စစ်ကော်မရှင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ပြီး တည်ပင်ကန်ရွာက အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားတယ်လို့ ပေါက်မြို့ခံတွေဆီက သိရပါတယ်။

ကပစ ၂၄ တပ်ကနေ ပြန်ထွက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းက အိမ်ခြေ ၁၀၀ ကျော်၊ အိမ်ထောင်စု ၉၀ စု၊ လူဦးရေ ၁,၀၀၀ ကျော်နေထိုင်တဲ့ ပေခုနှစ်ပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် နေအိမ် ၆ လုံးကျော်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

“နေအိမ် ၆ လုံးကျော် မီးရှို့ခံရတာ၊ ပြည်သူ ၁ ဦးကောဖမ်းသွားတယ်၊ ယာကြီးပြင်ရွာအနီးတဝိုက်ကပါ၊ တည်ပင်ကန်ရွာက အသက် ၄၀ ကျော် အမျိုးသား အဖမ်းခံရတာပါ၊ ရိက္ခာယာဉ်တန်းစစ်ကြောင်းနဲ့ ဒီးဒုတ်ကွင်းရွာက ပျူစောထီးတွေနဲ့ ပေါင်းပြီးရှို့တာ၊ ဒေသခံပြည်သူတွေက အရင်ကတည်းက တိမ်းရှောင်နေရတာ”လို့ ပေါက်မြို့ခံ ကိုလရောင်က ပြောပါတယ်။

အဲ့ဒီရိက္ခာယာဉ်တန်း ၁၀၇ စီး၊ အင်အား ၂၀၀ ပါ စစ်ကြောင်းနဲ့ ဒီးဒုတ်ကွင်းရွာက ပြည်သူ့စစ်တွေဟာ လက်ရှိအချိန်ထိ ပေါက်မြို့နယ်၊ တည်ပင်ကန်ရွာမှာရှိနေတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၂ ရက် နေ့လယ် ၁၂ နာရီကျော်ကလည်း မိတ္ထီလာဘက်ကလာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ဆယ်ဝကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။