ခင်ဦးမှာ ရွာ ၃ ရွာပေါင်းပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပညာပေးဟောပြောပွဲပြုလုပ်

0 5
0 5

ရွှေဘို၊ မတ် ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၃ ရွာပေါင်းပြီး ဒီနေ့မတ်လ ၈ ရက်မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အထိမ်းအမှတ် ပညာပေး အကြိုဟောပြောပွဲကို ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက မနေ့ကမတ်လ ၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ယန္တရားတွေ သိသာထင်ရှားစွာ တရားဝင်လည်ပတ်နေမှု (အသက်ဝင်နေမှု)ကို သိရှိကြစေဖို့နဲ့ အမျိုးသမီးတွေအတွက် အခွင့်အရေးတန်းတူညီမျှစွာ ရရှိရေးတွေကို သိကြဖို့ “ညီမျှခွင့်တူ ဖမ်းဆုပ်ယူ Embrace Equity” စတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တာလို့ မြို့နယ်တာဝန်ခံတဦးက ပြောပါတယ်။

“လူတိုင်း ရသင့်ရထိုက်တဲ့ မွေးရာပါ လူ့အခွင့်အရေး၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့အတူ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးစတဲ့ အမျိုးသမီးရေးရာ ရသင့်ရထိုက်တဲ့ တန်းတူညီမျှသော အခွင့်အရေးပိုင်းဆိုင်ရာတွေကို အကျယ်တဝင့် ရှင်းလင်းပြောဆို ဟောပြောခဲ့ကြတယ်” လို့ ပြောပါတယ်။

ဟောပြောပွဲကို မြို့နယ် ပအဖ ခေါင်းဆောင်၊ ပကဖ တာဝန်ခံ၊ လူသားစာနာရေးဆိုင်ရာ တာဝန်ခံ၊ အမျိုးသမီး ကလေးသူငယ် တာဝန်ခံ၊ သတင်းပြန်ကြားရေး၊ ပညာရေး စုမှူး တာဝန်ခံ၊ အခမ်းအနားမှူး ရုံးအဖွဲ့တွေနဲ့အတူ တိုက်နယ် (၄) ခေါင်းဆောင်နဲ့ အဖွဲ့၊ ရပ်ကျေး ပအဖ/ပကဖ တွေနဲ့ ကျေးရွာအသီးသီးက ဒေသခံတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။