11 July 2026 5:29 PM

ပဲခူးမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဥ်တွေကို ဖမ်းပြီး ငွေကြေးတောင်းခံမှု ပိုမိုပြုလုပ်လာ

0 5
0 5

ပဲခူး၊ မတ် ၁၊ ၂၀၂၃။

ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား တောင်ဘက်မုဒ် သနပ်ပင်လမ်းမကြီးဘေးမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ အခုရက်ပိုင်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေ ပိုမိုပြုလုပ်လာတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ရဲ၊ ယာဥ်ထိန်းရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပေါင်းပြီး အင်အား ၂၀ နီးပါးနဲ့ ပဲခူးမြို့ပေါ်က ရွှေမော်ဓောဘုရား တောင်ဘက်မုဒ်မှာ ညနေ ၄ နာရီခွဲကနေ ၅ နာရီခွဲထိ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်လာတာ ၁ လနီးပါးရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးသူတွေထဲမှာ စစ်ကောင်စီအဖွဲ့တွေနဲ့အတူ ဆိုင်ကယ် ကယ်ရီသမား တချို့ကလည်း ပါဝင်ကူညီပေးတယ်လို့ ဖမ်းဆီးခံခဲ့ရသူတဦးက ပြောပါတယ်။

“မနေ့က အဖမ်းခံလိုက်ရတဲ့ ဆိုင်ကယ်တွေ စုစုပေါင်း ၂၅ စီးလောက် ရှိမယ်။ ဆန်အိတ်တင်ကား ၂ စီးလည်း အဖမ်းခံရတယ်။ ဖမ်းမိရင် ဆိုင်ကယ်နံပါတ်၊ လိပ်စာတွေ ပြောရမယ်။ အဖေနာမည်တွေ ပြောရတယ်။ ပြောပြီးရင် သူတို့က ချလန်ဖြတ်ပေးတယ်။ စာရင်းစာအုပ်မှာ လက်မှတ်ထိုးရတယ်။ ကျနော်တောင် အဲ့နေ့က တသောင်းပေးလိုက်ရတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ ကား၊ ဆိုင်ကယ်တွေကို အနည်းဆုံး ငွေကျပ် တသောင်းကနေ ငွေကျပ် ၅ သိန်းအထိ တောင်းခံလေ့ရှိတယ်လို့လည်း အထက်ပါမြို့ခံက ပြောပါတယ်။

“ပိုက်ဆံက သူတို့ပါးစပ်ဖျားကနေ တောင်းသလောက် ပေးရတယ်။ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေ၊ ကားတွေဆို ဖမ်းမိတဲ့နေ့မှာပဲ အပြီးရွေးရတယ်။ နောက်ရက်တွေဆို သိပ့်မသေချာတော့ဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အနောက်ဘက်မှာရှိတဲ့ သီရိဟံသာခန်းမဘေးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ မော်တော်ဆိုင်ကယ် ၁၀ စီးနီးပါးသယ်ဆောင်သွားပြီး အခုချိန်ထိ ပြန်လည်မရရှိသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။