myaelatt athan

Sharing Information to the Local

ဝေါစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၄ ဦး ဒဏ်ရာရဟုဆို

0 4
0 4

ဝေါ၊ ဖေဖော်ဝါရီ ၂‌၇၊ ၂၀၂၃။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဝေါမြို့ကနေ ဘုရားပျိူကျေးရွာဘက် အထွက်မှာရှိတဲ့ စစ်ဆေးရေး ဂိတ် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက် မနေ့က ည ၈ နာရီ ၃၀ မိနစ်ခန့်မှာ စစ်သား၊ ရဲ၊ ပျူစောထီး၊ မီးသတ် အင်အား ၁၀ ဦးခန့် ရှိနေတဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အလစ်အငိုက်တိုက်ခိုက်နိုင်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့တာလို့ ဝေါမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီဂိတ်က ရန်ကုန်-မော်လမြိုင်လမ်းပိုင်းပေါ်က စစ်ဆေးရေးဂိတ်ကြီး မဟုတ်ဘူး။ အဲ့ဒီဂိတ်က ဖွင့်ထားတာ ၁ နှစ်လောက် ရှိပြီး သူတို့အဖွဲ့တွေ အမြဲတမ်းရှိတဲ့နေရာတော့ မဟုတ်ဘူး။ စကစ ဘက်က သတင်းရတာမျိုးရှိရင် လာစောင့်ကြတယ်။ ပြီးရင် တရားမဝင် ဖြတ်သန်းသွားလာတဲ့ ကားတွေကို ငွေတောင်းတဲ့နေရာပါ” လို့ ပြောပါတယ်။

စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ပျူစောထီး ၁ ဦးနဲ့ မီးသတ် ၂ ဦး သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် ၁ ဦး၊ နယ်ထိန်းရဲတပ်ကြပ် ၁ ဦး၊ ပျူစောထီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသွားသူတွေကို ဝေါဆေးရုံကို စစ်ကောင်စီဘက်က တင်ပို့ထားပြီး ဒဏ်ရာပြင်းထန်သူတွေကိုတော့ ရန်ကုန်ဆေးရုံကို ထပ်မံပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က အင်အား ၂၀ ကျော်ဟာ ကား ၄ စီးနဲ့ ရောက်လာပြီး ဘုရားပျိုကျေးရွာ အနီးဝန်းကျင်ကို တောနင်း ရှာနေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ဝေါမြို့ ကန်တော်ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရပြီး ရုံးအဆောက်အဦး ထိခိုက်ပျက်စီးသွားသေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။