13 July 2026 12:27 AM

နတ်တလင်းမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး ထိခိုက်မူရှိနိုင်

0 7
0 7

ပဲခူး၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ တောင်ညိုဆည်ရဲ့အထက်မှာ ဖေဖေါ်ဝါရီလ ၁၈ ရက်မနေ့က စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်စစ်သည်အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ်၊ မကျီးပင်ရွာမှာ ပြီးခဲ့တဲ့နှစ်ကတည်းကအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို ရစ်ကွင်းရွာအနီးမှာ မနေ့နေ့လယ် ၂ နာရီလောက်က မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။

“မကျီးပင်ရွာတောလမ်းအတိုင်း စစ်ကြောင်းထိုးလာတာကို ရစ်ကွင်းရွာအနီးကနေ သတင်းအရစောင့်ပြီးမိုင်း ၂ လုံးဆွဲခဲ့တာပါ။ ၃ ယောက် ပြင်းထန်ဒဏ်ရာရတယ်။ သေမသေတော့ အတိအကျမသိရသေးဘူး”လို့ နတ်စစ်သည်အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအပြီးစစ်ကောင်စီစစ်ကြောင်းဟာ ရစ်ကွင်းရွာဘက်ကို ဆက်သွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်ကလည်း နတ်စစ်သည်အဖွဲ့ဟာ Phoenix DF၊ MRF Nattalinတို့နဲ့ပေါင်းပြီး နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖောင်းအိုင်ကုန်းရွာအနီးမှာ တိုက်ခိုက်ခဲ့ပါသေးတယ်။

နတ်တလင်းမြို့နယ်ဟာ စစ်ကောင်စီက မာရှယ်လောကြေညာထားတဲ့ ပဲခူးတိုင်းအတွင်းကမြို့နယ်တခုလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၀ ရက်ကတော့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ထိန်ဝင်းကိုယ်တိုင် နတ်တလင်းကိုလာရောက်ပြီး PDFတွေကိုမထောက်ပံ့ဖို့အတွက် မာရှယ်လောကြေညာထားတဲ့ နတ်တလင်း၊ ပေါင်းတည်နဲ့ အုပ်ဖိုက လုပ်ငန်းရှင်တွေကို ခေါ်ယူကြိမ်းမောင်းခဲ့သလို ပဲခူးရိုးမကို စစ်အင်အားတွေလည်း တိုးချဲ့ချထားခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။