15 July 2025 8:01 PM

myaelatt athan

Sharing Information to the Local

အရာတော်မှာ စစ်တပ်ကျောင်းကား မိုင်းဆွဲခံရလို့ ကျောင်းသူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရဟုဆို

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၊ ခြေတော်ရာဘုရားနဲ့ ဝါးတောမကျေးရွာသွားလမ်းမှာ စစ်တပ်ကျောင်းကြိုကားမိုင်းဆွဲခံရလို့ ကျောင်းသူ ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ အရာတော် အထကကျောင်းကနေ စာမေးပွဲဖြေပြီး စစ်တပ်ကို ပြန်လာတဲ့ တပ်ကျောင်းကားဟာ ခြေတော်ရာဘုရားပွဲကျင်းပတဲ့ ကွင်းနေရာနဲ့ သံချပ်ကားတပ်နေရာ အကြားမှာ မိုင်းဆွဲခံရတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကားနဲ့ သူတို့တပ်ဝင်းထဲက ကျောင်းသားတွေကို ကြိုပြန်လာတဲ့ကား။ ကလေးတွေက သံချပ်ကာတပ်ထဲက တပ်မိသားစုဝင်ကလေးတွေလို့ သိရတယ်။ အရပ်သားကားနဲ့ ပြန်တာမဟုတ်ဘူး။ စစ်ကားနဲ့ ပြန်နေကြပဲ။ ဒါကို မိုင်းဆွဲတာ။ ထိခိုက်ဒဏ်ရာက သူများတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

အဲဒီစစ်တပ်ကျောင်းကြိုကားပေါ်မှာ ကျောင်းသားကျောင်းသူ ၃၈ ဦး လိုက်ပါလာပြီး မိုင်းဆွဲခံရလို့ ကျောင်းသားကျောင်းသူ ၁၀ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်ကျောင်းကြိုကား မိုင်းဆွဲခံရပြီးချိန်မှာ သံချပ်ကာတပ်ထဲက အပါအဝင် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ပတ်ဝန်းကျင်ကို ပစ်ခတ်တာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရကျောင်းသားကျောင်းသူတွေကိုတော့ အရာတော်ပြည်သူ့ဆေးရုံကို ပို့ထားရပြီး ဆေးကုမှုခံယူနေရတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။