myaelatt athan

Sharing Information to the Local

၅ နှစ်ဝန်းကျင်မိန်းကလေး ၂ ဦးအပေါ် အဓမ္မပြုဖို့ကြံစည်တဲ့ အမျိုးသားကို ဆားလင်းကြီးပလဖ ဖမ်းဆီးထား

0 70
0 70

ဆားလင်းကြီး၊ ဇူလိုင် ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတခုက အသက် ၄ နှစ်နဲ့ ၆ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးကို အဓမ္မပြုကျင့်ဖို့ကြံစည်ခဲ့သူကို ဆားလင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆားလင်းကြီးမြို့နယ်ဥပဒေတာဝန်ခံက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတခုက အသက် ၄၀ အရွယ် ဦးအောင်မျိုးဝင်းဟာ သူရဲ့အိမ်နီးချင်းဖြစ်တဲ့ အထက်ပါကလေးငယ်တွေကို ဇွန်လနောက်ဆုံးအပတ်မှာ လိင်ပိုင်းဆိုင်ရာထိတွေ့မှုတွေပြုလုပ်ခဲ့ကြောင်းကို မိဘတွေကသိရှိတိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာ ဆားလင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ညွှန်ကြားချက်အရ B7 တိုက်နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၆ ရက်မှာ ဦးအောင်မျိုးဝင်းကို သူ့ရွာမှာဖမ်းဆီးခဲ့ပြီး အမှုဖွင့်တရားစွဲဖို့ ပြင်ဆင်ထားတယ်လို့ ဆားလင်းကြီးမြို့နယ် ဥပဒေတာဝန်ခံကမြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့အခု ဒီဟာကိုသက်ငယ်လည်း ဖြစ်တယ်။ ၃၇၆၊ ၅၁၁ မုဒိမ်းကြံစည်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်ထားတယ်၊ မုဒိမ်းမှုကျတော့လည်း မုဒိမ်းမှုရဲ့ ဖွင့်ဆိုချက်နဲ့ မကိုက်ညီတော့လေ၊ ဒါပေမယ့် မုဒိမ်းကြံစည်တာတော့ ပေါ်လွင်နေတာလေ၊ ဒီကလေးလေးတွေဆိုတာ ဘာမှအရွယ်မရောက်သေးတဲ့ ဆော့မယ်၊ စားမယ်အရွယ် ဒီလိုလုပ်တဲ့အတွက် ဥပဒေအရအရေးယူဖို့ စာတင်ထားပါတယ်။” လို့ သူကပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တင်သွင်းထားတဲ့ သက်သေခံပစ္စည်းတွေကိုလည်းရရှိထားကာ နစ်နာသူ ကလေးတွေရဲ့ ပြောဆိုချက်တွေအရ လိင်ပိုင်းဆိုင်ရာထိပါးမှုကို ၂ ကြိမ်ကျူးလွန်ထားတယ်လို့ သိရကြောင်း သူက ဆက်ပြောပါတယ်။

“သက်သေခံပစ္စည်းအဖြစ် ၆ နှစ်သမီးလေးရဲ့ ဘောင်းဘီမှာ သူ့ရဲ့သုတ်ရည်သုတ်ပိုးပါတဲ့ဟာကို သက်သေခံအဖြစ် သွင်းတယ်မိသားစုကပေါ့၊ အဲဒီကလေး ၂ ယောက်က အိမ်နီးနားချင်းဆိုတော့ တတွဲတွဲနေတဲ့ ကလေး ၂ ယောက်လုံးကို ခေါ်ခေါ်ပြီး အမြဲတမ်းလုပ်တာ၊ သူတို့မိသားစုရဲ့ ပြောကြားချက်အရ ကလေးတွေရဲ့ အသံဖိုင်အရ ၂ ကြိမ်ကျူးလွန်တယ်လို့ သိရတယ်၊ ဒုတိယအကြိမ်မှာ အကြီးမလေးရဲ့ ဘောင်းဘီမှာ သုတ်ပိုးတွေ့ရာကနေပြဿနာတတ်တာ။” လို့ ဆားလင်းကြီးမြို့နယ် ဥပဒေတာဝန်ခံကမြေလတ်အသံကို ပြောပါတယ်။

ကလေးငယ်တွေရဲ့မိဘတွေအနေနဲ့ အရေးယူဖို့ ဥပဒေအကြံပေးတာ၊ ဥပဒေအရတိုင်ချက်ဖွင့်ဖို့ မြို့နယ်ပလဖ ကကူညီမှုပေးခဲ့ပြီး လိမ်ပိုင်းဆိုင်ရာထိတွေ့မှုအပြင် အခြားကျူးလွန်ခဲ့တာတွေ ရှိ၊ မရှိကိုတော့ ဆရာဝန်ဆေးစစ်ချက်စောင့်နေရတယ်လို့ B7 တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဦးအေင်မျိုးဝင်းကလည်း ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဝန်ခံထားတယ်လို့သိရပြီး ယခင်ကလည်း အရွယ်ရောက်စမိန်းကလေးတဦးကို ပုဆိုးလှန်ပြတာမျိုးလုပ်ခဲ့ဖူးသေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဆိုပါ ဖြစ်စဉ်ပြီးနောက်ကျူးလွန်သူတွေကို ထိုက်တန်တဲ့ အရေးယူမှုပြုလုပ်ဖို့ ဥပဒေအရ တရားစွဲတာတွေ၊ တင်ပြတာတွေပြုလုပ်ဖို့၊ ငွေကြေးကြောင့် အမှုမဖွင့်နိုင်တာမျိုး မဖြစ်စေဖို့ တိုက်တွန်းနှိုးဆော်ထားတယ်လို့ ဆားလင်းကြီးမြို့နယ်ဥပဒေတာဝန်ခံဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။