myaelatt athan

Sharing Information to the Local

⁨ဝက်လက်အရှေ့​ခြမ်းကျေးရွာ ၂ ရွာကို NUG မြို့နယ်ကျန်းမာရေးဌာနက အခမဲ့ဆေးကုသပေး (ရုပ်/သံ)

ဝက်လက်၊ ဇူလိုင် ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာ ၂ ရွာကပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကျန်းမာရေးဝန်ကြီးဌာန(ရွှေဘိုခရိုင်)က အခမဲ့ဆေးကုသပေးခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်-၁၅တပ်ရင်း သိရပါတယ်။

အဆိုပါကျေးရွာ ၂ ရွာကပြည်သူတွေကို ဇွန် ၃၀ ရက်နေ့နဲ့ ဇူလိုင် ၇ ရက်နေ့တွေမှာ သွားရောက်ကုသပေးခဲ့တာဖြစ်ပြီး ရွှေဘိုခရိုင်အမှတ်-၁၅တပ်ရင်းကလုံခြုံရေးယူပေးခဲ့တာလို့ ဆိုပါတယ်။

ဆေးကုသရာမှာ ကျေးရွာ ၂ ရွာက သက်​ကြီးရွယ်အိုတွေအပါအဝင်၊ သွေးတိုး၊ဖျားနာ​၊​ TB ရောဂါဖြစ်ပွားနေသူ ပြည်သူ ၅၀၀ ခန့်ကို အခမဲ့ကုသပေးနိုင်ခဲ့ပြီးကျန်းမာရေးစစ်ဆေးမှုတွေလည်းပြုလုပ်ပေးခဲ့တယ်လို့ လုံခြုံရေးလိုက်ပါဆောင်ရွက်ရာမှာပါဝင်ခဲ့တဲ့ ရွှေဘိုခရိုင်အမှတ်-၁၅တပ်ရင်းရဲ့တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောပါတယ်။

ဒါ့အပြင်ကျေးရွာနေပြည်သူတွေကို ကျန်းမာရေးပညာ​ပေးဟောပြောတာ​တွေလည်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၅ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ကျန်းမာရေးဝန်ကြီးဌာန(ရွှေဘိုခရိုင်) နဲ့ပူးပေါင်းကာ ဝက်လက်မြို့နယ်အတွင်းလက်လှမ်းမှီတဲ့ကျေးရွာတွေကို ဆက်လက်ပြီး အခမဲ့ကွင်း​ဆင်းဆေးကုသပေးသွားမယ်လို့လည်း ဆိုပါတယ်။

တည်းဖြတ် – HP⁩

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။