ကနီမှာ စစ်ကောင်စီရိက္ခာစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

0 6
0 6

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ရိက္ခာပို့လာတဲ့စစ်ကောင်စီစစ်ကြောင်းကို ဖေဖေါ်ဝါရီလ ၁၄ ရက်ဒီနေ့မနက် ၈ နာရီလောက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ KLG PDF ကျောက်လုံးကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကနီမြို့ပေါ်ကနေ ပျူစောထီးအများစုနေတဲ့အလယ်ကျွန်းရွာကို ရိက္ခာပို့လာပို့တဲ့ လှည်း ၆ စီးအပါအဝင် စစ်သားနဲ့ပျူစောထီးအင်အား ၅၀ ဝန်းကျင်ကို မိုင်း၊လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကနီမြို့နဲ့ အလယ်ကျွန်းရွာကြားမှာ တိုက်မိုင်း ၂ လုံးမိသွားလို့ စစ်သားနဲ့ပျူ ၅ ဦးလောက်သေတာမြင်ရတယ်။ ဘယ်က စစ်တပ်ဆိုတာတော့မသိဘူး။ ကျနော်တို့တပ်စိတ်တစိတ်တည်းနဲ့ တိုက်ခိုက်ခဲ့တာပါ၊ တိုက်ခိုက်ပြီးတော့ စစ်ကြောင်းက အလယ်ကျွန်းရွာကိုပဲဆက်သွားတယ်”လို့ ကျောက်လုံးကြီးတပ်က တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီလောက်ရှိပြီး ရိက္ခာတင်လှည်း ၂ စီးလည်း ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီလ ၃၁ ရက်ကလည်း ကျောက်လုံးကြီးတပ်ဖွဲ့ဟာ အခြားမဟာမိတ်တွေနဲ့ပေါင်းပြီး သပြေတောရွာအနီး ချင်းတွင်းမြစ်အတွင်းမှာ သောင်တင်နေတဲ့ရိက္ခာတင်ရေယာဥ်ကို တိုက်ခိုက်ခဲ့လို့ ဒီဇယ်ဆီပေပါ သုံးထောင်ကျော်နဲ့ ဆန်၊ဆီ၊ဆားတွေအပြင် လက်နက်ခဲယမ်းတွေကိုပါ သိမ်းယူနိုင်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။