ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ပဲပြုတ်နံပြားကိုတောစခန်းထဲမှာပဲ ကိုယ်တိုင်လုပ်စားခဲ့ကြတဲ့ PDF တွေ

0 2
0 2

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို တောထဲကစခန်းတခုမှာပဲ ရဲဘော်တွေကိုယ်တိုင် မုန့်ဖုတ်ပြီး လုပ်စားခဲ့ကြတယ်လို့ ဆိုပါတယ်။

ယနေ့ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲပြုတ်နဲ့နံပြားကို ယင်းမာပင်ခရိုင်၊ ပုလဲတပ်ရင်း-13010 လက်အောက်ခံ မြိုင်ဒေသမှာလှုပ်ရှားနေတဲ့ မြေလတ်ပြောက်ကျား MRG ရဲ့တပ်စခန်းတခုမှာပဲ ရဲဘော်တွေက ပြုလုပ်ခဲ့ကြတာပါ။

“မနေ့ကတော့အားခြင်းပဲ အလှူရှင်လည်းရှိတော့ ဗိုလ်ချုပ်အောင်ဆန်မွေးနေ့ကို ပဲပြုတ်နံပြားကျွေးမယ်ပေါ့။ အဲမှာအခက်ခဲက တောထဲမှာပဲပြုတ်က ရတယ်။ နံပြားကျတော့ ခက်နေတာ။ ဘယ်လိုလုပ်ကြမလဲဆိုပြီးတိုင်ပင်ကြတော့ ရဲဘော်တယောက်က နံပြားလုပ်တတ်တယ်ဆိုတော့ ဂျုံမှာလိုက်ပြီးတော့ ရေအိုးကိုပဲ မီးဖိုပေါ်တင်ပြီးရွံ့အုပ်လုပ်လိုက်ကြတာ” လို့ မြေလတ်ပြောက်ကျားတပ်ဖွဲ့ MRG အဖွဲ့မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မဲကြီးက မြေလတ်အသံကိုပြောပါတယ်။

ပဲပြုတ်နံပြားကျွေးမွေးဖို့ငွေလှူဒါန်းပေးတာကတော့ ထိုင်းနိုင်ငံ Rayong မြို့အခြေစိုက် Heroes Support Teamက ဥက္ကဌ ကိုယ်တော်မှိုင်းဖြစ်ပြီး အဲဒီအဖွဲ့ဟာ သိန်း ၇၀ တန် Drone ဝယ်ဖို့အတွက် ကျပ်သိန်း ၄၀ ကိုလည်းမတည်ထည့်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။