20 February 2026 11:29 AM

ကန့်ဘလူမှာ စစ်ကောင်စီတပ်စခန်းတခု ဖျက်ဆီးခံရပြီး စစ်သား ၁ ဦးပါ သေဆုံး

0 8
0 8

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကိုင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတခုကို ဖေဖော်ဝါရီလ ၁၀ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ညောင်ကိုင်းရွာမှာ ၅ လနီးပါး အထိုင်ချတပ်စွဲထားတဲ့ အဲ့ဒီတပ်စခန်းကို သွားရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးလည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ Kanbalu Underground Warriors တပ်ဖွဲ့ဝင် တဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ)အထိုင်ချထားတာက၂ နေရာပေါ့။ ရွာပြင်မှာက ဂိတ်ချထားတယ်။ ရွာထဲမှာက အထိုင်ချထားတယ်။ ရွာထဲကို ပြောက်ကျားနည်းနဲ့ ဝင်တိုက်ပြီး စခန်းတွေကို မီးရှို့နိုင်ခဲ့တယ်။ စကစ တဦးလည်း သေသွားတယ်” လို့ ဆိုပါတယ်။

အဲ့ဒီစခန်းကို တိုက်ခိုက်ချိန်မှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေကို အသုံးပြုခဲ့တဲ့အပြင် ဒရုန်းတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို Kanbalu Underground Warriors၊ MPF U.18၊ မြေပြင်လှုပ်ရှားညီနောင်များ၊ ကန့်ဘလူမြို့နယ် L – PDF မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်ချိန် ၄ နာရီဝန်းကျင်လောက် ကြာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Kanbalu Underground Warriors တပ်ဖွဲ့အနေနဲ့ ညောင်ကိုင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို သွားရောက်ပစ်ခတ်တာဟာ ၃ ကြိမ်ထက်မနည်း ရှိပြီလို့လည်း ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။