စစ်ဘေးရှောင်ကျေးရွာ တရွာကို PDF ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်လှူဒါန်း

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းက စစ်ဘေးရှောင် ၂၀၀ ကျော်နေထိုင်တဲ့ ကျေးရွာတရွာကို PDF ပူးပေါင်းတပ်ဖွဲ့တွေက စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေကို ဒီနေ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူလူထုက ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေကို လှူဒါန်းထားတဲ့ပစ္စည်းတွေကို စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ဘေးရှောင်တွေကို ပြန်လည်ပြီး သွားရောက်လှူဒါန်းခဲ့တာပါ။ စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာပါ။ အစားအသောက်နဲ့ အဝတ်အစားတွေ အဓိက သွားရောက်လှူဒါန်းခဲ့တာပါ” လို့ C.G.F တပ်ဖွဲ့ တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဆန်အိတ် ၃ အိတ် ၊ ဆီ ၁၈ ပိဿာ ၊ အဝတ်အစား အိတ်ကြီး ၆ အိတ် နဲ့အတူ လက်ဆွဲအိတ် ၁ အိတ် ကုလားပဲလုံး ခွဲခြမ်း ၈ ပြည် တို့ကို စစ်ဘေးရှောင် ကြီးကြပ်ရေးဥက္ကဌကတဆင့် စစ်ဘေးရှောင် မိသားစုတွေအတွက် လှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။

လှူဒါန်းမှုကို ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ (C.G.F) ၊ KF. People Defence Force (တပ်ခွဲ့ ၂) ၊ Hunter Dragon Group နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းလှူဒါန်းကြတာလို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။