10 July 2026 12:02 PM

မုံရွာက ရွာ ၂ ရွာကြားမှာ ဦးခေါင်းမရှိတော့တဲ့ ရုပ်အလောင်းတခုတွေ့

0 3
0 3

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ရွာ၂ ရွာကြားမှာ ဦးခေါင်းမရှိတော့တဲ့ အမျိုးသားအလောင်းတလောင်း တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက် မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ မုံရွာမြို့နယ်ထဲက ဆူးလေကုန်းရွာနဲ့ ရန်နိုင်ကျွန်းကျေးရွာကြားမှာ ဦးခေါင်းပြတ်နေတဲ့ အမည်မသိအမျိုးသားအလောင်းကို တွေ့ခဲ့တာဖြစ်တယ်လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

“ဦးခေါင်းလည်း ဖြတ်ထားတာဆိုတော့ သေဆုံးတဲ့သူက ဘယ်ကလဲ၊ ဘယ်သူလဲဆိုတာ မသိရသေးပါဘူး။ အလောင်းတွေ့တဲ့ ရွာနှစ်ရွာက တောဘက်ဆိုတော့ နဲနဲဝေးပါတယ်။ ကြားထဲမှာ ယာခင်းတွေပဲရှိတာ အခုချိန်ထိလည်း ဦးခေါင်းမတွေ့သေးပါဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် ည ၁၁ နာရီလောက်မှာ မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ သင်္ဘောတစီးနဲ့ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြီး ဆူးလေကုန်းရွာကို အရင်ဝင်ကာ နောက်တနေ့မနက်အထိ စစ်ကြောင်းထိုးဝင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၇ ရက် မနက် ၄ နာရီလောက်မှာ မုံရွာမြို့အနီးက ညောင်ပင်ဇောက်ရပ်ကွက် အနောက်ဖက် ဆားပေါက်ကုန်း တာဝါတိုင်ကျွန်းမှာ ကမ်းကပ်ခဲ့ပြီး မုံရွာ-အမြင့်လမ်းနယ်ကို စစ်ကြောင်းထပ်ထိုးခဲ့တယ်လို့ ပြောပါတယ်။

“ထိတွေ့ပစ်ခတ်မှုတွေလည်း မရှိပဲနဲ့ စခတွေက ဝင်လာတော့ ဒေသခံ‌တွေက စိုးရိမ်ထိတ်လန့်ပြီး ညတွင်းချင်း ရှောင်တိမ်းခဲ့ကြရတယ်” လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြန်ဆန်ဆက်သွားခဲ့ပြီးနောက်ပိုင်းမှာ ဦးခေါင်းပြတ်နေတဲ့ အမည်မသိ အမျိုးသားအလောင်းကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။