ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသူအပါ ၂ ဦးကို LPDF တွေပြန်လွှတ်ပေး

0 2
0 2

ပခုက္ကူ၊ ဇန်နဝါရီ ၃၀၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort company Limited ကနေ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဖမ်းဆီးသွားတဲ့ တရုတ်နိုင်ငံသူအပါ ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

သူတို့ ၂ ဦးကို ဇန်နဝါရီလ ၂၈ ရက်ညနေပိုင်းမှာ လုံခြုံစိတ်ချရတဲ့ သူတို့စက်ရုံအနီးထိရောက်အောင် ပြန်ပို့ပေးခဲ့တယ်လို့ ပခုက္ကူ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“ဖမ်းသွားတာက LPDF အဖွဲ့တွေက ဖမ်းသွားတာ။ စကစ နဲ့ပတ်သက်တယ်ဆိုပြီးတော့ဖမ်းတာ။ LPDF အဖွဲ့တွေကိုတော့ သတင်းပေးဒလန်မလုပ်ရင်၊ ပြည်သူကို ဒုက္ခမပေးရင် ဖမ်းလို့မရဘူးဆိုပြီး ရှင်းပြခဲ့တယ်။ ပကဖ က ညှိနှိုင်ပေးပြီး ပြန်လွှတ်ပေးဖို့ပြောခဲ့လို့ ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်”လို့ ပြောပါတယ်။

ခုလိုပြည်သူအချို့ကို အကြောင်းအရာမခိုင်လုံဘဲ ဖမ်းဆီးမှုအပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ လမ်းညွှန်ချက်နဲ့အညီ အရေးယူနိုင်ဖို့လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

အထည်ချုပ်စက်ရုံ မန်နေဂျာ ဦးမျိုးဇင်ဝင်းဆိုသူနဲ့ တရုတ်နိုင်ငံသူ Ms. GU ZHEN ZHEN တို့ ၂ ဦးကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက်မနက်ပိုင်းမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က စက်ရုံကနေ ဝင်ရောက်ဖမ်းဆီးသွားပြီး ထိန်းသိမ်း ထားခဲ့တာလို့လည်း သိရပါတယ်။

ဒေသလက်နက်ကိုင်အဖွဲ့တွေဟာ အဆိုပါ ၂ ဦးကို ဝင်ရောက်ဖမ်းဆီးချိန်မှာ စက်ရုံလုံခြုံရေးအစောင့်အချို့ကိုပါ ရိုက်နှက်ခဲ့တာကို ထွက်ပေါ်နေတဲ့ CCTV မှတ်တမ်းတွေအရ သိရတယ်လို့လည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားပါတယ်။

ပခုက္ကူမြို့နယ်ထဲမှာ အခုလိုဖြစ်စဥ်နည်းတူ ဒေသတွင်းလုပ်ငန်းရှင်အချို့လည်း ဖမ်းဆီးခံရတာတွေရှိနေတာကြောင့် လုပ်ငန်းရှင်ကြီးအချို့မှာ ပခုက္ကူမှာမနေရဲတော့ဘဲ နေရာပြောင်းရွှေ့နေထိုင်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။