myaelatt athan

Sharing Information to the Local

ရေစကြိုမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ရေစကြို၊ ဇန်နဝါရီ ၂၉၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တောင်ပေါ်က ဆင်းလာတဲ့စစ်ကောင်စီယာဥ်တန်းကို ဇန်နဝါရီလ ၂၈ ရက် မနေ့က မနက်ပိုင်း ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို (ပကဖ)က ပြောပါတယ်။

ရှင်မတောင် တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဒီနေ့မနက်ပိုင်း ၁၁ နာရီလောက်မှာ အင်အား ၆၀ လောက်နဲ့ ဆင်းလာချိန် ထန်းတိုကျေးရွာနဲ့ဘောင်ဘဲ့တန်းကျေးရွာကြားမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“သူတို့ကတောင်ပေါ်ကနေထော်လာဂျီအကြီးနဲ့ဆင်းလာတာ။ ကျနော်တို့ရဲဘော်တွေကပျောက်ကြားစနစ်နဲ့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ၆ ယောက်သေတယ်။တိုက်ပွဲကြာချိန်က နာရီဝက်လောက်ရှိတယ်”လို့ ရေစကြို (ပကဖ)တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်အပြီးမှာ စစ်ကောင်စီဘက် ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ပူးပေါင်းအဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုတွေနဲ့ပတ်သက်ပြီး မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

အဲဒီစစ်ဆင်မှုမှာ ပြည်သူကာကွယ်ရေတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)နဲ့အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ် ၉ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင် တပ်ရင်း ၂ ၊လျှပ်စီးပျောက်ကြားတပ်ဖွဲ့ နဲ့ သံမဏိသိန်းငှက်ပျောက်ကြားတပ်ဖွဲ့ တို့ဖြင့်ပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၉ရက်ကလည်း ရေစကြိုမြို့နယ် ကြီးကန်ကျေးရွာကို ကင်းပုန်းလာဝပ်တဲ့ အင်အား ၁၅ ဦးပါတဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ရဲဘော်တွေက Drone နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။