11





ချောက်၊ ဇွန် ၂၀၊ ၂၀၂၅။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပန်းသပိတ်ပြုလုပ်ပြီး မွေးနေ့ဆုတောင်းခဲ့ကြတယ်လို့ ချောက်မြို့နယ်တော်လှန်အမျိုးသမီးများဆီက သိရပါတယ်။



ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို ဇွန် ၁၉ ရက် မနေ့က ပြုလုပ်ခဲ့ကာ “အမေစုရဲ့ ၈၀ နှစ်ပြည့် မွေးနေ့ကို တော်လှန်အမျိုးသမီးများက အမေ့ကို အသက်ရှည်ကျန်းမာပျော်ရွှင်ပြီး အချုပ်အနှောင်မှအမြန်ဆုံးလွတ်ပါစေလို့ ဆုတောင်းခဲ့ကြတယ်” လို့ ချောက်မြို့နယ်တော်လှန်အမျိုးသမီးများက ဆိုပါတယ်။


