PDF စခန်းတခု မီးရှို့ခံလိုက်ရလို့ သိန်း ၈၀ခန့်ဆုံးရှုံး

0 4
0 4

စစ်ကိုင်း၊ ဇန်နဝါရီ ၂၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် Chindwin Revolutionary Fighter နဲ့ မဟူရာဒေါင်မင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ၂၅ရက်မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သိန်း ၈၀ခန့်တန်ဖိုးရှိတဲ့ လက်နက်၊ခဲယမ်းတွေဆုံးရှုံသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ စစ်ကြောင်းဟာ စခန်းကို မီးရှို့ဖျက်စီးခဲ့ပြီးနောက် ဇန်နဝါရီ၂၅၊၂၆ရက်နေ့တို့မှာ မြရိပ်ကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် အိမ်ခြေ (၇၅)လုံးဆုံးရှူံးခဲ့ရပါသေးတယ်။

စခန်းမီးရှို့ခံလိုက်ရတဲ့ Chindwin Revolution army Fighter နဲ့ မဟူရာဒေါင်မင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ဟာ တပ်စိပ်တခုတည်းဖြစ်သလို စခန်းတခုတည်းမှာအတူတူနေထိုင်ကြတဲ့ အဖွဲ့တွေဖြစ်ကြပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။