ညောင်ဦးက ကျောင်းအုပ်ဆရာမနဲ့ခင်ပွန်း ပစ်သတ်ခံရ

0 18
0 18

ညောင်ဦး၊ ဇွန် ၁၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာမှာ ကျောင်းအုပ်ဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ ပစ်သတ်ခံရတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးက သိရပါတယ်။

ပစ်သတ်ခံရသူတွေက ညောင်ပင်ကန် အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမ အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်နီလာဝင်း၊ ခင်ပွန်းဖြစ်သူ အသက် ၄၅ နှစ်အရွယ်ရှိ ဦးဇော်လတ်တို့ဖြစ်ပြီး ဇွန် ၁၅ ရက် မနက် ၉ နာရီခန့်မှာ ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းအရှေ့မှာ ပစ်သတ်ခံရတာလို့ဆိုပါတယ်။

” **တွေနဲ့ပေါင်းပြီး ရွာကိုလည်း ဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့သဘော။ သူ့ရဲ့ဆွေမျိုးတွေကလည်း အရာရှိပိုင်းတွေထဲကဆိုတော့ နည်းနည်း ကျောင်းကသူဖွင့်ချင်ဖွင့်မယ်ဆိုပြီး အာချောင်နေတာ။ အဲ့လိုကြောင့်ဝင်ရှင်းလိုက်တာလို့တော့ သိရတယ်”လို ညောင်ဦးမြို့နယ်ပကဖတာဝန်ခံ ကိုဇီးက ပြောပါတယ်။

ပစ်သတ်ခံရသူ ဆရာမက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျောင်းကိုမကြာခဏခေါ်တတ်တယ်လို့ သိရပြီး ဒီပစ်ခတ်မှုကိုဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာမသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကျောင်းအုပ်ဆရာမလင်မယားမှာ ဦးခေါင်းကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာတင်သေဆုံးခဲ့တာလို့ သိရပါတယ်။

ဇွန် ၉ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာမှ ရာအိမ်မှူး ၁ ဦး၊ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး စုစုပေါင်း ၃ ဦးနေအိမ်တွေမှာရှိနေချိန် ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။