myaelatt athan

Sharing Information to the Local

ဘက်ပြောင်းခိုလှုံလာတဲ့ SNA တပ်သားကို ကျပ်သိန်း ၁၅၀ ချီးမြှင့်

ဗန်းမောက်၊ ဇွန် ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အခြေစိုက် ရှမ်းနီအမျိုးသားတပ်မတော် – SNA မှ တပ်သား ၁ ဦးလက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဇွန် ၁၅ ရက်ဒီကနေ့မှာ NUG ရဲ့ ကသာခရိုင်တပ်ရင်း ၄ က ထုတ်ပြန်ပါတယ်။

ဘက်ပြောင်းလာသူဟာ ရှမ်းနီအမျိုးသားတပ်မတော် – SNA တပ်မဟာ ၆၁၄ မှတပ်သားဖြစ်ပြီး ဇွန် ၉ ရက်မှာ ဘက်ပြောင်းလာခဲ့ကာ အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရပြောလို့မရဘူးလို့ ဆိုပါတယ်။

“သူက ရှေ့တန်းကာကင်းတနေရာကနေ ထွက်ပြေးလာတယ်။ ကျနော်တို့တပ်က ရဲဘော်တွေနဲ့ မထင်မှတ်ဘဲ တွေ့တာ။ အဲ့မှာ သူကသေနတ်မြှောက်ပြီးဝင်လာခဲ့တာ”လို့ ကသာခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါတပ်သားနဲ့အတူ M 23 အမျိုးအစားသေနတ် ၁ လက်နဲ့ ခဲယမ်းတချို့ပါရှိလာခဲ့တာကြောင့် ကသာခရိုင်တပ်ရင်း ၄ နဲ့ ဗန်းမောက်မြို့နယ်ဌာနဆိုင်ရာများထောက်ပို့ပြည်သူတွေက ငွေကျပ်သိန်း ၁၅၀ ဂုဏ်ပြုဆုချီးမြင့်ခဲ့တယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း ဟုမ္မလင်းမြို့နယ်အခြေစိုက် ရှမ်းနီအမျိုးသားတပ်မတော် – SNA တပ်မဟာ ၉၇၂ လက်အောက်ခံ တပ်ရင်း ၇ မှ တပ်သား ၂ ဦး လက်နက်နဲ့အတူ KIA ဆီ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။