myaelatt athan

Sharing Information to the Local

UFC အဆင့် ၁၂ က ဘရူနိုဆေးလ်ဗား ကို အလဲထိုးနဲ့ အနိုင်ယူခဲ့ပြီး ၄ ပွဲဆက် အနိုင်ရရှိခဲ့တဲ့ ဂျော့ရှုဝါဗန် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဇွန် ၈၊ ၂၀၂၅။

ယနေ့မနက် ယှဉ်ပြိုင်နေတဲ့ UFC 316 မှာ UFC ဖလိုင်းဝိတ် အဆင့် ၁၂ က ဝါရင့်ဖိုက်တာ အသက် ၃၅ နှစ်အရွယ် ဘရူနိုဆေးလ်ဗားကို မြန်မာပြည်ဖွား ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန်က အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘရူနိုဆေးလ်ဗားနဲ့ ဂျော့ရှုဝါဗန်ဟာ UFC 313 ကတည်းက ပွဲတည်ခဲ့ပြီး ပြိုင်ပွဲနီးမှ ဒဏ်ရာကြောင့် ဘရူနိုဆေးလ်ဗား နုတ်ထွက်သွားခဲ့လို့ အခုတကြိမ်မှ ပွဲဖြစ်ခဲ့တာပါ။

ဒီပွဲမှာ ဂျော့ရှုဝါဗန်က ဘရူနိုဆေးလ်ဗားကို ၃ ချီလုံးအသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပြီး ဘရူနိုရဲ့ လှဲချဖို့ ကြိုးစားတာတွေကိုလည်း အကောင်းဆုံးခုခံသွားနိုင်ခဲ့ပါတယ်။

၃ ချီလုံးမှာ ဘရူနိုကို လဲကျအောင် ထိုးသတ်နိုင်ခဲ့ပြီး တတိယအချီ ၄ မိနစ် အရောက်မှာတော့ ဘရူနိုကို အလဲထိုးနိုင်ခဲ့ကာ UFC ၄ ပွဲဆက် အနိုင်ရလဒ်ကို ဖော်ဆောင်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန်ဟာ UFC မှာ ၈ ပွဲထိုးသတ်ထားပြီး ၇ ပွဲအနိုင်ရရှိထားကာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။