မီးရှို့ခံလိုက်ရတဲ့ ရွာတွေကို PDF က စောင်နဲ့ အဝတ်အထည်တွေလှူဒါန်းပေး

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက စစ်ကောင်စီမီးရှို့တာခံလိုက်ရတဲ့ ရွာ ၃ခုက ပြည်သူ ၃၀၀ ကျော်ကို အဝတ်အထည်နဲ့ စောင်တွေကို SNAKE EYES PDF က သွားလှူပေးခဲ့ပါတယ်။

ဒီဇင်ဘာ၁၉ရက် မနေ့က မနက်၉နာရီလောက်မှာ ဒီပဲယင်းအရှေ့ခြမ်းက ရွာ ၃ရွာရဲ့ မီးရှို့ခံလိုက်ရတဲ့စာရင်းအတိုင်း ပြည်သူတွေကပဲ လှူပေးလိုက်တဲ့ စောင်နဲ့ အနွေးထည်တွေကို တဆင့်သွားလှူပေးခဲ့တာဖြစ်တယ်လို့ PDF တာဝန်ခံက ပြောပါတယ်။

“ရွာမှာရှိတဲ့မီးဘေးသင့်ပြည်သူစာရင်းကောက်ပြီး သွားလှူပေးတာပါ။ တရွာကို မီးဘေးသင့်ပြည်သူ ၁၀၀ ကျော်ရှိတယ်။ လက်ရှိမှာတော့ မီးဘေးသင့်ပြည်သူ‌တွေက စစ်ဘေးရှောင်စခန်းတွေ ဘုန်းကြီးကျောင်းတွေမှာနေရတာပါ။ ဘုန်းကြီးကျောင်းမှာ လာလှူတဲ့အစား အသောက်တွေ ချက်ပြုတ်ကျွေးနေရပါတယ်။ တချို့လည်း ကိုယ့်အိမ်ကိုယ်နေပြီး ရှိတာလေးနဲ့ချက်စားသောက်နေကြပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီက မီးရှို့လို့ ပြာကျသွားတဲ့ အိမ်ခြေပေါင်း ၂၇,၄၉၆ ကျော်ရှိနေပြီး သူတို့အတွက် နေထိုင် စားသောက်ရေးနဲ့ အဝတ်အထည်တွေ လိုအပ်နေဆဲဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။