ရေစကြိုနယ်က PDF စခန်းငယ်တခုအသိမ်းခံရပြီး လက်နက်တွေပါဆုံးရှုံး

0 4
0 4

မကွေး၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်ထပ်ကျေးရွာအနီးက PDF စခန်းငယ်တခု အသိမ်းခံရပြီး လက်နက်တွေပါ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်ညနေ ၅ နာရီခန့်က ဒေသခံ PDF အဖွဲ့တခုရဲ့ လူမနေတဲ့လေ့ကျင့်ရေးနေရာဟောင်းတခုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုထားပါတယ်။

“လူမနေတဲ့ ကန့်အဟောင်းနေရာတခုပါ။ ဖြစ်စဥ်ဖြစ်တာကတော့ ဟုတ်တယ်။ လက်လုပ်တွေလည်း ပါသွားတာ ဟုတ်တယ်။ ဘယ်အဖွဲ့ရဲ့နေရာလဲဆိုတာ သေချာပြန်စုံစမ်းပေးပါ့မယ်။ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘဲ စကစ ဘက်က သတင်းအတိအကျရလို့ လာသိမ်းသွားတဲ့သဘောပဲ။ အဲ့ဒီဘက်ကလည်း စကစနဲ့ နီးတယ်လေ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က အင်အား ၅၀ ဝန်းကျင်နဲ့ အဲ့ဒီစခန်းကိုဝင်စီးခဲ့တာဖြစ်ပြီး၊ စခန်းအတွင်းဝှက်ထားတဲ့ လက်လုပ်သေနတ် ၁၆ လက်၊ လက်လုပ်မိုင်း ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

လက်နက်တွေသိမ်းဆည်းပြီးနောက် စခန်းတဲကိုမီးရှို့သွားခဲ့တယ်လို့ သိရပြီး၊ အဲဒီစခန်းဟာ ဘယ်ကာကွယ်ရေးတပ်ဖွဲ့ကစခန်းဖြစ်တယ်ဆိုတာကိုတော့ သက်ဆိုင်ရာအဖွဲ့က ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။