myaelatt athan

Sharing Information to the Local

စစ်အာဏာသိမ်းချိန်မှစပြီး နိုင်ငံတဝှမ်းက ဗကသအဖွဲ့ဝင် ၂၈ ဦးဖမ်းဆီးခံရ

0
0

မြေလတ်အသံ၊ အောက်တိုဘာ ၂၊ ၂၀၂၂။

စစ်အာဏာသိမ်းတဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစလို့ ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ၂၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ ဗကသများအဖွဲ့ချုပ် တာဝန်ရှိသူဆီက သိရပါတယ်။

အသက် ၁၄ နှစ်ကနေ ၂၄ နှစ်အတွင်းက အဖွဲ့ဝင်တွေဖြစ်ပြီး အဲဒီအထဲက ၅ ဦးဟာ ထောင်ဒဏ် ၂ နှစ်ကနေ ၁၃ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

“ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားရဲဘော်ပေါင်း ၄၀ ကျော်ခန့်ဖမ်းဆီးခံခဲ့ရပြီး တချို့ရဲဘော်တွေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အကျဉ်းထောင်အသီးသီးမှာ ဗကသရဲဘော် ၂၈ ဦး မတရားအကျဉ်းကျခံထားရပါတယ်။ အမျိုးသားအများစု ပါဝင်ပါတယ်အဲဒီအထဲက ထောင်ဒဏ် ၂ နှစ်ကနေ ၁၃ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထား ရသူတွေလည်းရှိပါတယ်”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

ဖက်ဆစ်တပ်အနေနဲ့ ဗကသရဲဘော်တွေကို အကြမ်းဖက်ဖမ်းဆီး မတရားအမိန့်ချမှတ်တာအပြင် နေ့စဥ်နဲ့အမျှ ပြည်သူလူထုအပေါ် ကျူးလွန်ထားတဲ့ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်လုယက် မုဒိန်းကျင့် ရွာမီးရှို့တဲ့ စစ်ရာဇဝတ်မှုလုပ်ရပ်တွေဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တယား ဆိုတာတွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်ပြီး အဲဒီကျူးလွန်မှုအတွက် တနေ့မှာ ပြည်သူလူထုရဲ့ပြစ်ဒဏ်စီရင်မှုကို မဖြစ်မနေခံကြရမှာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

လက်ရှိမှာ ဗကသများအဖွဲ့ချုပ်အနေနဲ့ ရန်ကုန်အပါအဝင် နယ်မြို့တွေမှာလည်း မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဆန္ဒပြပွဲတွေ ဖော်ဆောင်နေတာတွေရှိပြီး တောင်ပေါ် မြေပြန့်ဒေသအသီးသီးက ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်နေကြတဲ့ အင်အားစုတွေနဲ့လက်တွဲပြီး စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု အလုံးစုံလွတ်မြောက်ရေးအတွက် ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။