စစ်ကိုင်းငလျင်နောက်ဆက်တွဲအဖြစ် ၂ လကျော်အတွင်း ငလျင် အကြိမ် ၂၀၀ ခန့် လှုပ်ခတ်ခဲ့

0 4
0 4

မြေလတ်အသံ၊ ဇွန် ၅၊ ၂၀၂၅။

ယခုနှစ် မတ် ၂၈ ရက်မှာ စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီး အခြေပြုလှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခတ်ပြီးနောက် ၂ လကျော်အတွင်း နောက်ဆက်တွဲငလျင် အကြိမ် ၂၀၀ ခန့် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

စစ်ကိုင်းငလျင်ဖြစ်ပွားပြီးနောက် နောက်ဆက်တွဲငလျင် ၁၈၇ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ လှုပ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါ နောက်ဆက်တွဲငလျင်တွေဟာ မန္တလေးတိုင်းအတွင်းမှာ အကြိမ်ရေ ၈၅ ကြိမ် နဲ့ အများဆုံးလှုပ်ခတ်ခဲ့ပြီး ပဲခူးတိုင်းအတွင်းမှာ ၄၀ ကြိမ်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ၃၄ ကြိမ်၊ စစ်ကိုင်းတိုင်းအတွင်းမှာ ၆ ကြိမ် နဲ့ ရှမ်းပြည်နယ်မှာ ၄ ကြိမ်၊ ကရင်ပြည်မှာ ၃ ကြိမ် အသီးအသီးလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီးကို အခြေပြုလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် သေဆုံးသူ ၃,၇၄၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅,၁၀၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၆၇ ဦးရှိပြီး တွက်ချက်မှုတွေအရ ငွေကျပ် ၃၆၂၉ ဒသမ ၂၀၈ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဇွန်လ ၁ ရက်နေ့ စစ်ကောင်စီပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။