27 July 2026 2:25 PM

ကျောင်းပိတ်ဖို့စာတင်လို့ ပြည်မြို့ က ၇ တန်းကျောင်းသား ၇ ဦးကို ကျောင်းအုပ်ကြီးက ဖမ်းခိုင်း

0 11
0 11

ပဲခူး၊ ဇူလိုင် ၄၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့က ၇ တန်းကျောင်းသား ၇ ဦးကို ကျောင်းအုပ်ကြီးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားဖမ်းခိုင်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြည်မြို့၊ ခေတ္တရာမြို့သစ်မှာရှိတဲ့ အောင်မြေသာယာ မူလတန်းကျောင်းက ၇ တန်းကျောင်းသားတွေက ၂ ပတ်အတွင်း ကျောင်းပိတ်ပေးဖို့ နဲ့ ခြိမ်းခြောက်တဲ့သဘော စာရေးသား ကာ ပေးပို့လို့ဆိုပြီး ကျောင်းအုပ်ကြီးဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားဖမ်းခိုင်းလို့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“သိတာတော့ ကလေးတွေက ရုံးခန်းထဲက စားပွဲခုံကိုဆိုလား စာခေါက်လေးသွားတင်တာ။ အဲဒီမှာ သူတို့ကိုခြိမ်းခြောက်ပါတယ်ဆိုပြီး ကြောက်လန့်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်တော့ အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်က စစ်ကားတွေနဲ့ ကလေးတွေ အိမ်တွေကို လာခေါ်ဖမ်းသွားတာ။ စာရေးထားတဲ့စာရွက်က စာလုံးပေါင်းတောင်မမှန်ပါဘူး အဲဒါကိုကလေးတွေကို စစ်ကားတွေနဲ့လာဖမ်းကြတာ” လို့ မြို့ခံတဦးကဆိုပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က ဖမ်းဆီးသွားတဲ့ ကျောင်းသား ၇ ဦးထဲက ၆ ဦးကိုတော့ ပြန်လည်လွှတ်ပေးခဲ့ပြီး ခေါင်းဆောင်လို့ယူဆရတဲ့ ကျောင်းသားကိုတော့ ပြန်လွှတ်မပေးသေးဘူးလို့ ဆက်ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။