myaelatt athan

Sharing Information to the Local

လက်ပံတန်း ဖြူစင်လူငယ်ပရဟိတအသင်းဥက္ကဌကို စစ်ကောင်စီ ထောင်ဒဏ် ၁၀ နှစ်ချ

0
0

ပဲခူး၊ ဇွန် ၂၉၊ ၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ ဖြူစင်လူငယ်ပရဟိတအသင်းဥက္ကဌ ကိုဝင်းမင်းစိုး ဇွန်လ ၂၈ ရက်မနေ့က ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရတယ်လို့ သူနဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၃၁ ရက်နေ့က လက်ပံတန်းမြို့ပေါ်ကြံ့ခိုင်ရေးရုံးအပါအဝင် နေရာအများအပြားမှာ ဗုံးပေါက်ကွဲတာနဲ့ပတ်သက်ပြီး သူအပါ အဝင် ၂ ဦးကို PDF နဲ့ ပတ်သတ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့ရာကနေ သူ့ကိုသာယာဝတီထောင်တွင်းတရားရုံးက အခုလို ထောင် ၁၀ နှစ်ချမှတ်ခဲ့တာပါ။

“လက်ပံတန်းမှာဗုံးကွဲတာတွေနဲ့ပတ်သက်ပြီး PDF နဲ့ပတ်သက်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာ။ ကျနော်တို့သိသလောက်ကတော့ ဒီဗုံးကွဲတာတွေနဲ့ သူနဲ့ဘာမှမပတ်သက်ဘူး။ ဒလန်က ဖမ်းခိုင်းတာနဲ့ဖမ်းသွားတာ။ မနေ့ကထောင်တရာရုံးမှာဘဲ အကြမ်းဖက်ပုဒ်မနဲ့ ဆယ်နှစ်ချလိုက်တယ်ဆိုတာသိရတယ်” လို့ သူနဲ့နီးစပ်သူဒေသ ခံတဦးကမြေလတ်အသံကို ပြောပါတယ်။

ကိုဝင်းမင်းစိုးဟာ လက်ပံတန်းမြို့ပေါ် ပရဟိတလုပ်ငန်းတွေမှာ တက်ကြွစွာဆောင်ရွက်တဲ့သူဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ် ဇွန်လ အခုလိုအချိန် လက်ပံတန်းမြို့မှာ ကိုဗစ်တတိယလှိုင်းပြင်းထန်ခဲ့စဥ်ကလည်း စစ်ကောင်စီက ဘာမှထောက်ပံ့ပေးမှုမရှိတာတောင် ဗော်လန်တီယာလုပ်ပြီး ပရဟိတအလုပ်တွေကို အားထည့်လုပ်ဆောင်သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က သူတို့ကိုဆန့်ကျင်တယ်လို့ ယူဆသူတွေကို PDF နဲ့ ပတ်သက်တယ်လို့စွပ်စွဲဖမ်းဆီးကာ အမြင့်ဆုံးပြစ် ဒဏ်တွေချမှတ်နေပြီး နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း- AAPPရဲ့ စာရင်းတွေအရ မနေ့ကအထိ ဖမ်းဆီးခံထားရသူ ၁ သောင်း ၁ ထောင်ကျော်ရှိပြီး ၁၂၀၀ ကျော်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။