myaelatt athan

Sharing Information to the Local

ရိတ်သိမ်းဆဲ နွေစပါးထွက်နှုန်းကျပြီးလယ်သမားတွေ တွက်ချေမကိုက်

0 5
0 5

မြေလတ်အသံ၊ မေ ၂၄၊ ၂၀၂၂။

ပြည်ခရိုင်အတွင်းမှာ နွေစပါးခင်းတွေ ရိတ်သိမ်းနေကြပြီဖြစ်ရာ စပါးထွက်နူန်းကျဆင်းတာကြောင့် လယ်သမားတွေ တွက်ခြေမကိုက်ပဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

သွင်းအားစုစရိတ်တွေ ကြီးမြင့်မူ​နဲ့ မြေသြဇာအပြည့်အဝ အသုံးမပြုနိုင်မူကြောင့် စပါးထွက်နူန်းကျဆင်းတာလို့ ဆိုပါတယ်။

“ဘက်စုံစျေးကြီးနေတယ် မြေသြဇာအိတ်စျေးက ၃ ဆတက်တယ် ဓါတ်ဆားတအိတ်ကို ၉၅၀၀၀ ကျော် ဝယ်ရတယ် အဲတော့ စပါးခင်းက လိုအပ်တဲ့ အာဟာရ အပြည့်မပေးနိုင်ဘူး လျှော့သုံးတယ် အခုနှစ် နွေစပါး တင်း၆၀ လောက်ပဲ ထွက်တယ် အရင်နှစ်တွေကဆို အောက်ထစ် ၈၀ ထွက်တယ်” လို့ ဝက်ပုတ်ကျေးရွာက လယ်သမားတဦးက ပြောပါတယ်။

ဒါ့အပြင် စပါးရိတ်ခြွေ သယ်ယူခကလည်း အနီးအဝေးအလိုက် စပါးတဧကစိုက်အတွက် ကျပ်တသိန်း ကျော်ရှိကြောင်းလည်း သိရပါတယ်။

“သွင်းအားစုဈေးက ကြီးတော့ မသုံးနိုင်ကြတော့ဘူး ရိတ်ခက ၇သောင်းကျော်လေ လမ်းနဲ့ဝေးတဲ့လယ်ဆို သယ်ခက တစ်တင်း ၅၀၀ ကနေ ထောင်ဂဏန်းရှိတယ် တချို့ရိတ်ပြီးသယ်ပြီး တသိန်းကျော်တယ် ဆီဈေးထပ်တက်ရင် ဈေးက ထပ်မြောက်အုံးမယ်”လို့ ပေါင်းတည်မြို့နယ် အနောက်ခြမ်းက လယ်သမားတဦးက ပြောတယ်။

လက်ရှိမှာ နွေစပါးပေါက်စျေး ပေါင်၅၀ တတင်းကို ကျပ် ၇၇၀,၀၀၀ စျေးပေါက်ပေမယ့် လယ်တဧက အနိမ်းဆုံး ကုန်ကျစရိတ်ဟာ ကျပ် ၃သိန်းခွဲ ခန့်ရှိပြီး လိုအပ်ငွေကိုလည်း ပြင်ပကနေချေးယူသုံးစွဲကြရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။