myaelatt athan

Sharing Information to the Local

ပရဟိတသမားများမပါဝင်ဘဲ စစ်ကောင်စီကလူများဖြင့် မီးဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ကော်မတီဖွဲ့စည်း

0
0

မြေလတ်အသံ၊ မေ ၁၂၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိ တိုက်ပွဲရှောင်စခန်း မီးဘေးသင့်ပြည်သူ များ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီဖွဲ့စည်းရာတွင် မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် မေလ ၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

အဆိုပါကော်မတီကို ရခိုင်ပြည်နယ်မှ ပရဟိတသမားများမပါဝင်ဘဲ ဖွဲ့စည်းလိုက်ခြင်းကြောင့် ပြည်တွင်း၊ ပြည်ပအလှူရှင်များအနေဖြင့် မလှူဒါန်းဘဲနောက်ဆုတ်သွားနိုင်ကြောင်းနှင့် ယခုလိုကိစ္စရပ်များမှာမှု ပရဟိတသမားပြည်သူများကသာ ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်ဟု အမည်မဖော်လိုသည့် စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးက ပြောသည်။

“ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ အခုပရဟိတအသင်း လုပ်တဲ့အလှူရှင်တွေ နောက်ဆုတ်သွားနိုင်တယ်။ အခုတောင် နောက်ဆုတ်ဖို့စကား ပြောနေကြပြီ။ စစ်ကောင်စီက နေရာတကာမှာ သူတို့အစိုးရတရပ် အနေနဲ့ဝင်လုပ်နေတာက နေရာမကျဘူး။ ဒီကိစ္စတွေက ပြည်သူတွေလုပ်ရမယ့်ကိစ္စတွေ ဟာတွေဖြစ်တယ်။ စစ်ကောင်စီကလုပ်ချင်လို့ရှိရင်တောင် စစ်ဘေးရှောင်အဖွဲ့အစည်းတွေကို ပုဒ်ဖြတ်အနေနဲ့ တတ်နိုင်သလောက် ကူညီပေးရင်ပြီးတဲ့ကိစ္စကို ဒီလောက်အထိဝင်လို့ လုပ်ဖို့မသင့်တော်ဘူး”ဟု သူကဆက်ပြောသည်။

ယခုဖွဲ့စည်းခဲ့သည့်ကော်မတီတွင် ကျောက်​တော်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် ဦး​​မောင်ဝင်းမှာ ဥက္ကဌနှင့် စစ်ကောင်စီ စစ်တပ်မှ ဗိုလ်မှူး​အောင်​ဇေယျသိန်းအပါအဝင် ၁၅ ဦးတို့ ပါဝင်ကြေင်း သိရသည်။

မဟာမြတ်မုနိစစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့သည့် မေလ ၈ ရက် ည ၁၂ နာရီကျော် အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ တဲဆောင် ၂၆၂ ဆောင် ပြကျသွားခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။