PDF စိုးမိုးနယ်မြေထဲဝင်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၅ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရ

0 1
0 1

ပဲခူး၊ ဧပြီ ၂၃၊ ၂၀၂၂။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက သာယာဝတီခရိုင် PDF စိုးမိုးနယ်မြေထဲ စစ်ကောင်စီအဖွဲ့ ဝင်‌ရောက်လာခဲ့လို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးကာ ၂ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ပဲခူးတိုင်း PDF စစ်ဒေသတာဝန်ရှိသူတဦးဆီက သိရပါတယ်။

နတ်တလင်းမြို့နယ် ဂွေ့ကြီးရွာနဲ့ ကျောက်ပြုတ်ရွာကြားကို အင်အား ၃၀နီးပါးနဲ့ ဝင်ရောက်လာတဲ့ စစ်အုပ်စုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ MRF အဖွဲ့က ဒီနေ့ မနက် ၈နာရီဝန်းကျင်မှာ မိုင်းဆွဲခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်း စစ်ဒေသတာဝန်ရှိသူတဦးက ပြောပါတယ်။

” ကျနော်တို့ စိုးမိုးနယ်မြေထဲ ဝင်လာလို့ တိုက်ခိုက်တာပါ၊ ၅ဦးသေပြီး ၂ ဦးက ဒဏ်ရာ ပြင်းထန်တယ်လို ထပ်သိရပါတယ်” လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီက တော်လှန်ရေးနဲ့ မသက်ဆိုင်တဲ့ သူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပြီး ပြည်သူလူထုကို ဖိနှိပ်နေတာတွေအတွက် ပြန်ပေးဆပ်ရမယ်လို့ ပဲခူးတိုင်း စစ်ဒေသတာဝန်ရှိသူတဦးက ပြောပါတယ်။

” တခုခုဆို စကစက မဆိုင်သူတွေကို ဒုက္ခပေးဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ အကြမ်းဖက် စကစ ဟာ လက်နက်မဲ့ ပြည်သူတွေအပေါ်မှာ မတရား အနိုင်ကျင့်နေတာတွေ အတွက် ပြန်ပေးဆပ်ရမှာပါ၊ စကစနဲ့ ပူးပေါင်းပြီး ပြည်သူတွေအပေါ်အနိုင်ကျင့်နေသူတွေလည်း ပြေးမလွတ်စေရပါဘူး” လို့ ပြောပါတယ်။

နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီက လှပခြင်းကျေးရွာ အုပ်ချုပ်ရေးမှူးသတ်ခံရတာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် ပြည်သူ ၃၀ကျော်ကို ဧပြီ ၁၅ရက်က စပြီး ဖမ်းဆီးထားခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။