myaelatt athan

Sharing Information to the Local

နတ်တလင်းမှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို PDF မိုင်းခွဲတိုက်ခိုက်လို့ ၃ဦးသေဆုံး

0
0

ပဲခူး၊ ဧပြီ ၁၄၊ ၂၀၂၂။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီအုပ်စုကို အကြိုနေ့ညပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၃ဦးသေဆုံးပြီး ၇ဦးနီးပါး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

နတ်တလင်းမြို့နယ်ကနေ တာပွန်ကို သွားတဲ့ ကျန်တောစုလမ်းဆုံအနီးမှာ ကင်းလှည့်ဖို့လာတဲ့ ကားတစီးနဲ့ ဆိုင်ကယ် ၈စီးကို သာယာဝတီခရိုင် PDF တပ်ရင်း ၁ တပ်ခွဲ ၁က ဧပြီ ၁၃ရက်ညက အဝေးထိန်းမိုင်း ၅လုံးခွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်း PDF တာဝန်ရှိသူက ပြောပါတယ်။

” ရဲလှည့်ကင်းကို စောင့်ပြီး မိုင်း၅လုံး ခွဲပြီး တိုက်ခိုက်တာပါ၊ ဆိုင်ကယ် ၆စီးကို တိုက်ရိုက်ထိတယ်” လို့ ပြောပါတယ်။

ကင်းလှည့်နေတဲ့ ရဲ၃ဦး သေဆုံးပြီး ၇ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့နေ့ညမှာပဲ ပေါင်းတည်မြို့နဲ့ အင်းမမြို့ကြားက ဝက်ပုတ်တံတားမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို သာယာဝတီခရိုင် PDF ကပဲ ည ၇နာရီခွဲလောက်မှာ ဖောက်ခွဲမှုတခုလုပ်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။