myaelatt athan

Sharing Information to the Local

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ ရေစကြိုက ကံပွင့်ပလက်စတစ်စက်ရုံ ဖောက်ခွဲ မီးရှို့ခံရ

0
0

မကွေး၊‌ မတ် ၂၉၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကံပွင့်ပလက်စတစ်စက်ရုံကို စစ်ကောင်စီနဲ့ ပျူစောထီးတွေကို အဓိက ကူညီထောက်ပံ့နေလို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ဖောက်ခွဲပြီး မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ရေစကြိုမြို့၊ ပေကုန်းတိုးချဲ့ ရပ်ကွက်မှာ ရှိတဲ့ ကံပွင့်လုပ်ငန်းရဲ့ ပလက်စတစ်စက်ရုံကို မတ်လ ၂၉ရက် ဒီနေ့ နေ့လယ် ၂နာရီလောက်က ကားတစီးနဲ့ PDF တဖွဲ့ရောက်လာပြီး ဖောက်ခွဲမီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” PDF က Light Truck ကားနဲ့လာပြီး အလုပ်သမားတွေအကုန်ထွက်ခိုင်းပြီး စက်ရုံဖောက်ခွဲပြီး မီးနဲ့ ရှို့ပစ်လိုက်တာ ၊ကံပွင့်ပိုင်ရှင်က ရှင်မတောင်ဆရာတော်၊ ပျူစောထီးအဖွဲ့ စစ်တပ် နဲ့ ဦးစိုးမောင်တို့ကိုအဓိကပံ့ပိုးသူဖြစ်နေတာ၊ တမြို့လုံးလည်းသိပါတယ်၊တနိုင်ငံလုံးလည်းသိတယ်၊ စစ်တပ်ဆိုရင် ကံပွင့်ပိုင်ရှင်က ခါးပိုက်ဆောင်လိုထားတာ” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။

အဲ့ဒီ စက်ရုံပိုင်ရှင်က ကံပွင့်ဆိုတဲ့ နာမည်နဲ့ လုပ်ငန်းပေါင်းစုံရှိပြီး ဆေးခန်းတခုလည်း ဖွင့်ထားပြီး ဆရာဝန်တွေကိုလည်း ဖိနှိမ့်တာမျိုးတွေရှိတယ်လို့ ‌သိရပါတယ်။

” သူဖမ်းချင်တဲ့ CDM လုပ်တဲ့လူတွေ သူ့ဆေးခန်းမလာတဲ့သူတွေဆိုရင် တခါထဲသွားဖမ်းခိုင်းတာ၊သူနဲ့မပြေလည်တဲ့သူမှန်သမျှစစ်တပ်ကိုလက်တို့လိုက်ရင် အကုန်လိုက်ဖမ်းတာ၊အဲလိုလုပ်နိုင်အောင်လည်း စစ်တပ်ကလူမှန်သမျှကို ပံ့ပိုးတယ်၊ကားလိုချင်ကားပေးထားတာ၊နောက်ပြီးတော့ကင်းလှည့်တဲ့စစ်သားမှန်သမျှ အရက်သောက်ဖိုးဟာကို သူ့သား ဖိုးသွေးက အရက်ဆိုင်မှန်သမျှကို ဘေဖွင့်ပေးထားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်သားတွေနဲ့ ပျူစောထီးမှန်သမျှ ကင်းလှည့်ပြီးပြန်လာချိန်မှာ အဲ့ဒီဆိုင်တွေမှာ ဝင်သောက်ခွင့်ရှိပြီး ကုန်ကျစရိတ်အားလုံးကို ကံပွင့်လုပ်ငန်းပိုင်ရှင်တွေက ထောက်ပံ့ပေးနေတာ ဖြစ်လို့ PDF အဖွဲ့က လာရောက် ဖောက်ခွဲ မီးရှို့ခဲ့တာဖြစ်ပြီး မီးသတ်ကား ၄စီးနဲ့ ငြှိမ်းသတ်နေတယ်လို့ ပြောပါတယ်။

ကံပွင့်လုပ်ငန်းပိုင်ရှင် ဦးအောင်သန်းဟာ အရင်က ကြံ့ခိုင်းရေးပါတီရဲ့ အမျိုးသားလွတ်တော် ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သလို လက်ရှိသားဖြစ်သူက စစ်ကောင်စီကို အဓိက ထောက်ပံ့နေသူဖြစ်တယ်လို့ နောက်ထပ် ဒေသခံတဦးကလည်း မြေလတ်အသံကို ပြောပါတယ်။

” သူ့သားက လာသမျှ စခတွေ တို့ ပျူတို့ကို လာသမျှဟာတွေကို ဒိုင်ခံ ဧည့်ပြုတာ ထောက်ပံ့တာ ၊ အဲ့တာကြောင့်မလို့ PDF ဝင်ပြီး ဆုံးမတာ ဒီနေ့ ဒီနေ့” လို့ အတည်ပြု ပြောပါတယ်။

အဲ့ဒီစက်ရုံဖောက်ခွဲမီးရှို့တာကို ဘယ် PDF က လုပ်တယ်ဆိုတာမျိုး မထုတ်ပြန်သေးသလို ဘယ်အဖွဲ့ဆိုတာလဲ မသိရသေးပဲ စစ်ကောင်စီကတော့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

ကံပွင့်အမွှေးတိုင်လုပ်ငန်းကို အဓိက လုပ်ဆောင်ပြီး ရေသန့်၊ ပလက်စတစ်နဲ့ ဆေးခန်းအပြင် ၄ထပ် ဆေးရုံကိုလည်းတိုးချဲ့ ဆောက်နေပြီး အဓိက စစ်ကောင်စီကို ထောက်ပံ့နေတဲ့ လုပ်ငန်းတခုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။