စစ်ကောင်စီက ပြည်-အောင်လံ လမ်းမဘေးက နေအိမ်တွေကို ဖယ်ရှားခိုင်း

0 2
0 2

မကွေး၊ မတ် ၂၃၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ တီတွတ်ရွာ အောင်လံ-ပြည်ကားလမ်းမဘေး နေအိမ်တွေကို စစ်ကောင်စီက ယမန်နေ့ညနေပိုင်းကစတင်ပြီး ဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီလမ်းမဘေးတလျှောက်က နေအိမ်တွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီတပ်အမိန့်ထုတ်ထားတာဖြစ်ပြီး တီတွတ်ရွာကစတင်လို့ ဖယ်ရှားပေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဖျက်ပေးနေကြရတာ နှစ်ရက်သုံးရက်ရှိပြီ၊ ပြည်နဲ့ အောင်လံကြား လမ်းမဘေးက အိမ်တွေအကုန်ပါတယ်။ ဒီနေရာတွေမှာဘဲနေ လာခဲ့တာဟိုးအရင်က တည်းကကြာနေပြီ။ ခုမှဆောက်ပြီးနေတာမဟုတ်ဘူး။ လမ်းနဲ့မလွတ်လို့ ဖယ်ခိုင်းတာတဲ့။ စစ်တပ်ထောက်ခံသူတွေရဲ့ နေအိမ်တွေလဲပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီ လမ်းမဘေးမှာရှိတဲ့ နတ်တလင်း၊ ဇီးအုပ်၊ ထန်းပေါက်၊ တီတွဒ်၊ အောင်လံမြို့နယ်ထဲက ကျေးရွာတွေအပါအဝင် လမ်းမတလျှောက်က နေအိမ်တွေကို မတ်လ ၂၆ ရက်နေ့ကို နောက်ဆုံးထားဖယ်ရှားပေးရမှာဖြစ်ပြီး မလိုက်နာရင် ဖမ်းဆီးထောင်ချခံရမှာလို့ ဒေသခံတွေက ပြောပါတယ်။

“မတ်လ ၂၆ ဒီနေ့ အပြီးဖျက်ပေးပါလို့ ပြောတယ်။ မဖျက်ရင် အရေးယူထောင်ချခံရမယ်။ ကုန်စျေးနှုန်းကြီးနေ လို့အဆင်မပြေပါဘူးဆို ရှိတဲ့အိမ်လေးပါ ဖျက်ခိုင်းနေတော့ ဒုက္ခဘဲ” လို့ သူက ဆက်လက် ပြောပါတယ်။

အဆိုပါလမ်းမကြီးဘေးက နေအိမ်တွေထဲက စစ်ကောင်စီလက်အောက်ခံ အစိုးရဘဏ်တွေကိုပေါင်နှံထားတဲ့ အိမ်တွေဆိုရင် ဖျက်ပေးဖို့မလိုဘူးလို့ စစ်ကောင်စီဘက်ကပြောဆိုတယ်လို့ ဒေသခံများ ပြော ဆိုချက်အရသိရပါတယ်။

လမ်းမကြီးဘေးက နေအိမ်တွေအကုန်လုံးကို လမ်းနဲ့ ၇၅ ပေအကွာထိ ဖယ်ရှားခိုင်းတာဖြစ်ပြီး၊ လမ်းတလျှောက် အိမ်ခြေရာနဲ့ချီဖျက်ပေးရမှာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နေအိမ်ဖျက်ဆီးတဲ့နေရာမှာ စစ်ကောင်စီအပိုင် ဘက်ဟိုးနဲ့ဖျက်ပေးရမယ်ဆိုပါက ဖျက်ပေးခ ၁ နာရီကို ကျပ် ၂ သိန်း ပေးဆောင်ရမယ်လို့ ဒေသခံတွေကို ပြောဆိုတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။