PDF နဲ့ တိုက်ပွဲဖြစ်ပြီး တန့်ဆည်မြို့နယ်က ရွာ ၂ရွာကို စစ်ကောင်စီမီးရှို့နေ

0 6
0 6

စစ်ကိုင်း၊ မတ် ၁၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ရွာ ၂ရွာကို စစ်ကောင်စီက PDFတွေ ရှိတယ် အထင်နဲ့ ဒီနေ့ နေ့လည်ပိုင်းကစပြီး မီးနဲ့ရှို့နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

မတ်လ ၁၂ရက် ဒီနေ့ မနက်ပိုင်း ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လည် ၁၂နာရီ ဝန်းကျင်ကစလို့ အနီးနားက ချောင်းရိုးရွာနဲ့ စိမ်းစားရွာ ၂ရွာကို မီးရှို့ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” ချောင်းရိုးရွာ မြောက်ပိုင်းက ကြက်ခြံတွေနဲ့ အိမ် ၇လုံးလောက် အခုလောလောဆယ် မီးထဲပါသွားပြီ၊ ရွာရဲ့ မြောက်ဘက် ၂မိုင်နီးပါးလောက်မှာ တိုက်ပွဲဖြစ်တာကို PDFတွေ ရွာထဲကို ဝင်ပြေးလာတယ်ထင်ပြီး ရွာတွေကို မီးရှို့တာပါ” လို့ ဒေသခံတးဦးက ပြောပါတယ်။

မီးရှို့ခံလိုက်ရတဲ့ စိမ်းစားရွာက ဗုဒ္ဓဘာသာရွာဖြစ်ပြီး ချောင်းရိုးရွာကတော့ ခရစ်ယာန်ရွာ ဖြစ်ပြီး ချောင်းရိုးရွာဘုရားကျောင်းက ဆိုင်ကယ်တစီးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

စိမ်းစားရွာမှာလည်း စစ်ကောင်စီမီးရှို့ထားပြီး ရွာနားကို ကပ်ခွင့်မပေးဘူးလို့ ပြောပါတယ်။

” ဘယ်သူမှရွာနား ကပ်လို့ မရဘူး ရွာထဲရှိတဲ့ သူတွေကိုလည်း သေနတ်နဲ့ထောက်ပြီး ရွာပြင်ထွက်ခိုင်းပြီး ရွာကို မီးရှို့နေတာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိအချိန်အထိ ချောင်းရိုးရွာမှာ ကြက်ခြံ ၁၀ လုံးနဲ့ အိမ်ခြေ အနည်းဆုံး ၇လုံး ‌မီး‌လောင်ထားပြီး စစ်ကောင်စီ တပ်သားတွေ ရွာနားဝန်းကျင်းမှာပဲ ရှိသေးတာကြောင့် ပြည်သူတွေ မီးဝင်ငြှိမ်းသတ်ခွင့်မရသေးဘူးလို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။