myaelatt athan

Sharing Information to the Local

မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်ကို ရဲတပ်သားက ပစ်သတ်

0
0

မကွေး၊ ဖေဖော်ဝါရီ ၁၊၂၀၂၂။

မကွေးမြို့၊ မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်တယောက်ကို ရဲတပ်သားတဦးက သေနတ်ဖြင့်ပစ်သတ်လိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စကားများရသည့်အကြောင်းအရာကို သိရှိရခြင်းမရှိသေးပဲ ဒုရဲအုပ်မှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း မြို့ခံတဦးကပြောသည်။

“သေတာက ဒုရဲအုပ်တယောက်ထဲရယ်။ ပွဲချင်းပြီးပဲ ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျတော်တို့မသိရဘူး။ သူတို့က ဘုရားကုန်းပေါ်မှာ လုံခြုံရေးယူနေတာ။ ပစ်တဲ့ရဲကတော့အဖမ်းခံလိုက်ရတယ်။ “ ဟု မြို့ခံတဦးကပြောသည်။

ဘုရားကုန်းပေါ်တွင်စျေးရောင်းချနေသူများကို ပြန်ခိုင်းခြင်းမရှိဘဲ တားမြစ်ထားကြောင်း ၎င်းကဆိုသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။