စစ်ကောင်စီက စစ်သင်တန်းပေးရန် မဲနှိုက်လူစုမှုဆက်တိုက်ပြုလုပ် လူငယ်များရှောင်တိမ်းနေရ

0 1
0 1

မြေလတ်အသံ၊ ဇန်နဝါရီ ၇၊ ၂၀၂၂။

မကွေးတိုင်းဒေသကြီး စစ်ကောင်စီ က မြို့နယ်အချို့တွင် စစ်သင်တန်းပေးရန် မဲနှိုက်လူစုမှုများပြုလုပ်နေခြင်းကြောင့် လူငယ်အများစု ရှောင်တိမ်းနေရကြောင်း ဒေသခံများကပြောသည်။

မဲနှိုက်လူစုမှုကို ဇန်နဝါရီလဆန်း ၄ ရက်နေ့နှင့် ၅ ရက်နေ့များက မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီး၊ ကိုင်းငယ်ကြီး၊ ကိုင်းငယ်လေး၊ ကျေးရွာများနှင့် မင်းတုန်းမြို့နယ်မြောက်ခြမ်းဖြစ်သည့် ဥယျဥ်မှူးရွာ၊ မလိုင်စန်းရွာ တို့တွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

“လောလောဆယ်တော့ နှစ်ရွာကို မဲတွေခွဲတာပေါ့။ စစ်သားတွေလာတာတော့ မဟုတ်ဘူး သူတို့ခန့်ထားတဲ့ ရွာလူကြီးကခွဲတာ။ တချို့ရွာလူကြီးတွေကတော့ သူတို့ခွဲမပေးနိုင်ဘူး ကိုယ်ဘာသာလာခွဲချင်ခွဲလို့ ပြောထားကြတယ်။ မင်းလှနယ်မှာလည်း ရွာအများစုမှာခွဲနေပြီ။” ဟု ဒေသခံတဦး ကပြောသည်။

လူစုမှုကို ဒေသအလိုက် တရွာလျှင် ၂၀၊ တအုပ်စုလျှင် ၄၀ အစရှိသဖြင့် ရွာအကြီးအသေးလိုက် တောင်း‌နေသည့်အတွက် လူငယ်များမှာ အခြားမြို့နယ်များ ဆွေးမျိုးများထံ တိမ်း‌ရှောင်သွားကြပြီဖြစ်ကြောင်း ဒေခံများက ဆိုသည်။

“ရှမ်းတပ်ကြီးမှာကျတော့ စစ်တပ်အထိုင်ရှိတယ်လေ မနေ့ကဆိုခွဲမယ်ဆိုတဲ့ရွာ ကလူတွေ အကုန်ရှောင်နေကြပြီ။ ငယ်ရွယ်တဲ့လူငယ်တွေ အကုန်ပြေးပြီ။ ရွာတွေမှာက သက်ကြီးရွယ်အို၊ ကလေးနဲ့ မိန်းမတွေပဲအများစုကျန်တော့တယ်။ ရွာတွေမှာက ကြောက်တယ်ဆို ဖိခြောက်တော့တာ။ အခုရက်ပိုင်းလောက်မှာကို ရှောင်နေကြရတော့တာ။” ဟု မင်းလှဒေသခံတဦး ကပြောသည်။

အလားတူ ဒီဇင်ဘာလအတွင်းကလည်း ကံမမြို့နယ် ကျေးရွာများတွင် ကြံ့ခိုင်ရေးပါတီဝင်အများစု ပါဝင်သည့် စစ်သင်တန်းများပေးရန် တရွာလျှင် ပထမအကြိမ် လူ ၂၀ ဦး နှင့် ဒုတိယအကြိမ် လူ ၂၀ ဦး တို့ကို စာရင်းကောက်ယူမှုများပြုလုပ်ခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။