အာဏာသိမ်းစစ်ကောင်စီက ကပေါင်းကျရွာကို မီးရှို့နေ

0 0
0 0

မြေလတ်အသံ၊ ဇန်နဝါရီ ၂၊ ၂၀၂၂။

မနေ့က ညနေပိုင်း တန့်ဆည်မြို့နယ်၊ ကပေါင်းကျ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ဒီနေ့ မနက် ၁၁ နာရီ ဝန်းကျင်မှာ ကပေါင်းကျရွာ အရှေ့ဘက်ကို စပြီး မီးရှို့နေတယ်လို့ ဒေသတဦးဆီက သိရပါတယ်။

“နေအိမ်၂လုံးနဲ့ ဆန်စက်၁လုံးလို့ ကနဦးသိထားတယ် ဆန်စက်ကတော့ မသေချာသေးဘူး” လို့ ကပေါင်းကျရွာခံ တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မနေ့က ‌ညနေပိုင်း ကပေါင်းကျကျေးရွာမှာ ၁၀ကြိမ်မြောက်တပ်လာစွဲခဲ့လို့ ညနေ ၆နာရီဝန်းကျင်က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ခွေး ဘက်မှာလည်းအသေအပျောက်ရှိနိုင်တယ်၊ ကပေါင်းကျအရှေ့ရွာက ဖမ်းမိသူတယောက်ပစ်ခတ်နေတုန်းထွက်ပြေးလွတ်မြောက်လာသူပြောတာက သူရှေ့မှာပဲ လေးငါးယောက်လောက်လဲကျတာမြင်တယ်ပြောတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ကပေါင်းကျ PDF နဲ့ တန့်ဆည် PDF တို့ ပူးပေါင်းပြီး စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ အပြင် ၄၅မိနစ်နီးပါး အပြန်အလှန် ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ၁၀ ဦးနီးပါး သေဆုံးခဲ့သလို PDF ရဲဘော် ၁ဦး ကျဆုံးခဲ့တယ်လို့ Guerrilla Warfare – K.P.K က ထုတ်ပြန်ထားပါတယ်။

ကပေါင်းကျရွာဟာ တန့်ဆည်မြို့နယ်ထဲက ရွာကြီးတရွာ ဖြစ်ပြီး အဲ့ဒီရွာက အချက်အချာ ကျလို့ စစ်ကောင်စီတပ်တွေ ခဏခဏ တပ်လာစွဲတာ အခုတခေါက်နဲ့ ဆို ၁၀ကြိမ်ရှိခဲ့ပြီ လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။