တောင်တွင်းကြီးမှာ အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

တောင်တွင်းကြီး၊ မတ် ၁၃၊ ၂၀၂၅။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်တိုက်နယ်၊ ညာတောအုပ်စု၊ ညာတောရွာ အုပ်ချုပ်ရေးမှူးဟောင်း ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ Magway Guerrilla Warfare – မကွေးပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

အုပ်ချုပ်ရေးမှူးဟောင်း အသက် ၅၀ အရွယ် အောင်လွင် ကို မတ် ၁၁ ရက်မနက် ၈ နာရီခန့်က ညာတောရွာအထွက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ညာတောကျေးရွာကနေ ဆပ်သွားရွာကိုအသွား ရွာအထွက်မြေနီလမ်းဖွင့်ဖြိုးရေးလမ်းပေါ်မှာ ရှင်းလင်းခဲ့တာ၊ ဦးခေါင်းကိုပဲ ၂ ချက်ပစ်ခတ်ခဲ့တာ။”လို့ မကွေးပြောက်ကျားတပ်တာဝန်ခံ ကံကြီးမောင်က ပြောပါတယ်။

ဦးအောင်လွင်ဟာ စစ်အာဏာမသိမ်းခင်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် သူ့နေရာမှာတခြားတဦးအစားထိုးဝင်ရောက်လာပေမယ့် လက်ရှိမှာစစ်ကောင်စီနဲ့ပေါင်းပြီး စစ်မှုထမ်းကြေးကောက်တာတွေ လုပ်ပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိမြို့နယ်ရဲ့ အထွေထွေအုပ်ချုပ်ရေးအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျော်သူက သူ့ (ဦးအောင်လွင်)ရဲ့တူတော်စပ်တာ၊ မိန်းမနဲ့ပတ်သက်ပြီး တော်တာ။ ရှင်းတုန်းကတော့ ၂ ဦးစလုံးကိုရှင်းတာ၊ ထွေအုပ်စာရေးကျော်သူနောက်ကို ကျနော်တို့ ရွာထဲလိုက်တဲ့အလိုက်မှာ အကြောင်းတခုခုကြောင့် လွတ်မြောက်သွားခဲ့တာ။” လို့ မကွေးပြောက်ကျားတပ်တာဝန်ခံ ကံကြီးမောင်က ပြောပါတယ်။

ဒီပစ်ခတ်မှုကို Magway Guerrilla Warfare မကွေးပြောက်ကျားတပ်၊ Dragon King People’s Defence Force၊ နဂါးမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တွင်းကြီးနဲ့ Taungdwingyi Fighter Force တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပြီး ပစ်ခတ်ပြီးနောက် ဦးအောင်လွင်ဆီကနေ ဖုန်း ၁ လုံး သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ပရပ်ကြယ်ရဲစခန်းနဲ့ ဆပ်သွားရဲစခန်းက ရဲ ၁၂ ဦးလောက်က အလောင်းစစ်ဆေးပြီးတော့ ပြန်သွားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက်ကလည်း တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်အုပ်စု၊ ကန်ကြီးကုန်းကျေးရွာက ပြည်သူတွေဆီက စစ်မှုထမ်းကြေးကောက်နေတဲ့ အုပ်ချုပ်ရေးမှူးကိုလည်း Magway Guerrilla Warfare မကွေးပြောက်ကျားတပ်က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။