myaelatt athan

Sharing Information to the Local

၁၃ နှစ်အရွယ်ကလေးအား ဖမ်းဆီးသတ်ဖြတ်သူ ၂ ဦးကို ဖမ်းမိ

ပဲခူး၊ မေ ၂၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့၊ မဇင်းဆည်နားမှာ အသက် ၁၃ နှစ်အရွယ်ကျောင်းသားကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၂ ဦးကိုဖမ်းမိခဲ့တယ်လို့ ပဲခူး အမှတ် ၂ ရဲစခန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မေ ၂၃ ရက် နေ့လယ်ပိုင်းမှာ လူသတ်မှုကျူးလွန်ထားသူ မဇင်း ၂ လမ်းနေ အသက် ၃၂ အရွယ် ကျော်ကြီးနဲ့ မဇင်း ၃ လမ်းနေ အသက် ၃၁ အရွယ် အောင်နိုင်ဖြိုးတို့ကို သူတို့ရဲ့နေအိမ်တွေမှာ ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။

“တရားခံတွေကိုကတော့ သူတို့အိမ်မှာပဲဖမ်းတာ။ CCTV မှတ်တမ်းနဲ့ လိုက်ပြီးဖမ်းတာ။ သူတို့က အေးဆေးမသိအောင် သူတို့နဲ့မဆိုင်တဲ့သဘောနဲ့ အိမ်မှာပြန်နေနေတာ။ သူတို့သတ်တယ်ဆိုတာလည်း ဝန်ခံတယ်။”လို့ အမှတ် ၂ ရဲစခန်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကျော်ကြီးနဲ့ အောင်နိုင်ဖြိုးတို့မှာ အကြွေးတွေရှိနေပြီး ငွေလိုတာကြောင့် သေဆုံးသူကလေးရဲ့မိဘဆီမှာ ငွေညှစ်ဖို့ဖမ်းဆီးထားချိန် လူငယ်ကအော်ဟစ်နေတဲ့အတွက် ခြေလက်ကြိုးတုပ်ပြီး မြွေရေခွံအိတ်နဲ့ခေါင်းကိုစွပ်ထားရာက သေဆုံးသွားတာလို့ ၎င်းတို့ရဲ့ထွက်ဆိုချက်အရ သိရပါတယ်။

ကလေးငယ်ကို စတင်ဖမ်းဆီးသွားကတည်းက မဇင်းဆည်နားကို ဖမ်းဆီးသွားပြီး ချုပ်နှောင်ထားခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ ကျူးလွန်သူ ၂ ဦးကို ပဲခူး အမှတ် ၂ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မေ ၂၀ ရက်ညနေ ၅ နာရီခန့်မှာ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ ၃ လမ်းနေ အသက် ၁၃ နှစ်အရွယ် မောင်သက်မင်းနိုင်ဟာ နေအိမ်ကထွက်သွားရာကပျောက်ဆုံးခဲ့ပြီး မေ ၂၃ ရက်မနက် ၈ နာရီခန့်မှာမှ မဇင်ဆည်အနီးလျှိုထဲမှာ အလောင်းကိုပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။