myaelatt athan

Sharing Information to the Local

အထက်တန်းကျောင်းသား ၄ ဦး ဆီဘောက်ဆာကားနဲ့တိုက်ခံရပြီး ဒဏ်ရာရ

ပဲခူး၊ ဇူလိုင် ၁၂၊ ၂၀၂၄။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့တောင်ဘက်ခြမ်း၊ မြို့ဦးစေတီတံတားအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၄ နဲ့ ၁၄၉/၅ အကြားမှာ ဆီဘောက်ဆာကားက အထက်တန်းကျောင်းသားတွေကို ဝင်တိုက်မိပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၁ ရက် မနက် ၈ နာရီ ၂၀ ခန့်မှာ ကျောက်သလင်းကျေးရွာနေ ၉ တန်းတက်နေတဲ့ မောင်မြတ်ဘုန်းမောင်၊ မောင်မိုးပြည့်ဟိန်း၊ မောင်မြတ်စိုး၊ မဝေဝေလင်း တို့ဟာ စက်ဘီးနဲ့ အုတ်တွင်းမြို့ အထကကျောင်းကိုအလာမှာ နောက်ကနေ ဆီဘောက်ဆာကားက ဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကားက သူ့အရှေ့ကယာဥ်ကိုကျော်တက်ရာမှာ အရှိန်များပြီး ကလေးတွေရှိတဲ့ဘက်ခြမ်းကို ရောက်သွားတာ။ ကလေးတွေကလမ်းဘေးကနေ စက်ဘီးနင်းလာကြတာ။ ကလေးတယောက်ဆို ဆီဘောက်ဆာအောက်ထဲဝင်သွားပြီး ပါသွားတာ”လို့ ဒေသခံတဦးကပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ကျောင်းသားကျောင်းသူ ၄ ဦးစလုံး ပေါင်ကျိုး၊ ခန္ဓာကိုယ်အရေးပြားပွန့်ပဲ့ ဒဏ်ရာရသူတွေနဲ့ ခြေလက်ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ကာ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

အုတ်တွင်းဆေးရုံကို ကနဦးပို့ဆောင်ထားရကာ အဲဒီကတဆင့် တောင်ငူဆေးရုံကို ထပ်မံရွှေ့ပြောင်းထားပြီး ယာဥ်မောင်း အာကာစိုးဝင်း ဆိုသူကိုတော့ ရဲက ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။

ဧပြီ ၂၄ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဘုရားထီးတင်ပွဲက ပြန်လာတဲ့ Light Truck ကားတိမ်းမှောက်ပြီး ၁ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။