မုံရွာပစ်ခတ်မှု တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

0 10
0 10

မုံရွာ၊ မေ ၁၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကျေးရွာအနီး မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ် ပစ်ခတ်မှုနှစ်ဖက် သေဆုံးမှုရှိတယ်လို့ မေ ၁၃ ရက်မှာ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ်ရင်းက သတင်း ထုတ်ပြန်ပါတယ်။

မေ ၁၁ ရက်မနက် ၁၁ နာရီကျော်ခန့်မှာ မအူဂိတ်ကနေ ကားတွေကိုငွေတောင်းဖို့ ဆိုင်ကယ်တွေနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ မအူဂိတ်နဲ့ မီတာ ၅၀၀ ခန့်အကွာ မထသ ဂိတ်ဟောင်း အနီး ကွမ်းယာဆိုင်နဲ့ ဂိတ်ဟောင်းနားမှာရှိနေချိန် တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာက နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်ရဲဘော်တွေက အဲ့နားရောက်တော့ တဖက်ဂိတ်ထဲက တယောက်ကိုမေ့သွားတာလား၊ ဘယ်လိုဖြစ်သွားလည်းမသိရဘူး။ နှစ်နေရာပစ်ရမယ်လို့မှာလိုက်တာ။ ကွမ်းယာဆိုင်ထဲက နှစ်ယောက်ကိုပစ်ပြီးတော့ လက်နက်ဆင်းကောက်ချိန် ဂိတ်ထဲကတယောက်က ကျနော့်ရဲဘော်တွေကိုပစ်လိုက်တာ”လို့ မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းက တပ်ရင်းမှူးနတ်ဆိုးကပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦး၊ နတ်ဆိုးအဖွဲ့ဝင် အသက် ၂၉ အရွယ် လှမျိုးအောင်၊ အသက် ၂၅ နှစ်အရွယ် ညိမ်းမင်းဇော်၊ အသက် ၁၇ နှစ် အရွယ် ချစ်ထူးခန့်တို့ ၃ ဦးသေဆုံးပြီး ပစ္စတိုသေနတ် ၃ လက်၊ ဆိုင်ကယ် ၃ စီ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးအဖွဲ့ဝင် ၃ ဦးရဲ့အလောင်းတွေလည်း ပြန်မရတာကြောင့် အဖွဲ့ဝင်တွေရဲ့ အဝတ်အထည်တွေနဲ့တင် မေ ၁၂ ရက်မှာ နာရေးပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းက အဖွဲ့ဝင် ၁၀ ဦးထိ ကျဆုံးထားပြီး ယခုလိုမစ်ရှင်လုပ်ဆောင်ရင်း ကျဆုံးသူက ၃ ဦးဖြစ်ကာ ကျန်ကျဆုံးအဖွဲ့ဝင်တွေက မိုင်းမတော်တဆမှုနဲ့ စစ်ကောင်စီစစ်ကြောင်းတွေရဲ့ဖမ်းဆီးသတ်ဖြတ်တာခံရလို့ ဖြစ်တယ်လို့ တပ်ရင်းမှူး နတ်ဆိုးက ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။