myaelatt athan

Sharing Information to the Local

ပေါက်မှာ စက်တပ်လေထီးနဲ့ဗုံးချလို့ ဒေသခံ ၂ ဦးဒဏ်ရာရ

0
0

ပေါက်၊ ဧပြီ ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သနပ္ပင်ဇင်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၄ ရက် မနေ့ကမနက်ပိုင်းမှာ ဆိပ်ဖြူ ကပစ ၂၄ ဘက်ကတက်လာတဲ့ စက်တပ်လေထီး ၂ စီးပေါ်ကနေ စက်လတ်သေနတ်နဲ့ပစ်ခတ်ပြီးနောက် ဗုံးသီး ၂ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ကုက္ကိုစုပျူရွာနဲ့ နီးလို့ လာချတာထင်တယ်ဗျ။ သူတို့ ပျူရွာက အနီးပတ်ဝန်းကျင်ရွာတွေကို တိုက်ခိုက်ပေးဖို့ အထက်ကိုပေါက်ကိုယ်တော်က တောင်းဆိုထားတာလို့ကြားတာပဲ”လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း – မြိုင်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သနပ္ပင်ဇင်းရွာက အသက် ၄၀ အရွယ်အမျိုးသား ၁ ဦး ပေါင်ထိမှန်ပြီး အသက် ၃၀ အရွယ်အမျိုးသမီး နဖူးထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် သနပ္ပင်ဇင်းရွာနဲ့ အနီးတဝိုက်ကိုလည်း ကပစ ၂၄ ကနေ လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

ဧပြီလဒုတိယပတ်အတွင်းမှာ မကွေးနဲ့စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် ဒေသခံထိခိုက်သေဆုံးမှုတွေရှိနေတာပါ။

ဧပြီ ၁၂ ရက်ဒီနေ့မနက် ၁၀ နာရီလောက်မှာ မိတ္ထီလာလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာနဲ့ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ သာဂေါင်ကျေးရွာကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပုံစာ – ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း သနပ္ပင်ဇင်းရွာ စစ်ကောင်စီတပ်ဖွဲ့မှမီးရှို့ခဲ့စဥ်။

သတင်း – ဟယ်သာ၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။