0
မြေလတ်အသံ၊ ဇူလိုင် ၇၊ ၂၀၂၃။
- ကျောက်တံခါးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာလို့ တပ်ပြန်ဆုတ်သွား
- ရေစကြိုမှာ မင်းအောင်လှိုင်မွေးနေ့ နာရေးသပိတ်နဲ့ ကျိန်စာတိုက်ပွဲ ပြည်သူအင်အား ၁၀၀ ကျော်နဲ့ ကျင်းပ
- စစ်ကောင်စီတပ်ရဲ့ ရိက္ခာထောက်ပို့ မော်တော်တစီး ခြုံခိုတိုက်ခိုက်ခံရ
- ခင်ဦးနယ်ကို စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုး၊ အင်အားမမျှလို့ ကာကွယ်ရေးတပ်တွေ ဆုတ်ပေးထားရ
- လက်ပံတန်းမြို့နယ်ထဲရှိ ရဲစခန်းတိုက်ခိုက်ခံရအပြီး ဒေသခံ ၈ ဦးထက်မနည်း ဖမ်းဆီးခံရ
- စနိုက်ပါနဲ့ပစ်ခံရလို့ ၆၀ မမ ပြန်ပစ်ပေမယ့် ပြောင်းကွဲပြီး စစ်အုပ်စုက ထိခိုက်မှုများနိုင်
- သာယာဝတီ မီးနင်းချောင်းစစ်ဆေးရေးဂိတ် ပြန်ဖွင့်ပြီး လုံခြုံရေးတင်းကြပ်စွာ စစ်ဆေး
- ကန့်ဘလူမှာ စစ်ရှောင် ၁၂ ဦးအပါ ၆၀ ကျော်ကို စစ်တပ်ကဖမ်းဆီး
- ခလရ ၂၅၆ မှာ တပ်တွင်းအစည်းအဝေးလုပ်နေချိန် တိုက်ခိုက်ခံရ
- ချောင်းဦးတိုက်ပွဲမှာ သေဆုံးမှုများခဲ့တဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
- စျေးသည် ၇ ဦး ပစ်သတ်ခံရပြီး အမျိုးသား ၃၀ ခန့် ဓားစာခံ အဖြစ်ဖမ်ဆီးခံရ