2
မြေလတ်အသံ၊ အောက်တိုဘာ ၂၁၊ ၂၀၂၂။
- ရင်ပေါင်တိုင်မှာ အမျိုးသမီး PDF ခေါင်းဆောင်ကို လိုချင်လို့ ရွာသား ၅၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီးထား
- ကွန်မန်ဒို ၁၀၀ အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနကို ဒေါ်လာ ၃ သိန်းပေးသွင်းထားပေမယ့် အကောင်ထည်ဖော်ပြနိုင်ခြင်းမရှိသေး လို့ ဗိုလ်နဂါးပြောတဲ့ သတင်း
- ဖိနှိမ့်ခံနေရတဲ့ မကွေးအရှေ့ဘက်က ပြည်သူအချို့ ဆန္ဒပြန်ထုတ်ဖော်လာ
- စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ စစ်သား ၁၅ဦးသေပြီး ကားတစီးသိမ်းယူနိုင်ခဲ့
- စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး
- နတ်မောက်ကရွာကို စစ်ကောင်စီ ၅ရက်ဆက်တိုက် မီးရှို့
- ပခုက္ကူထောင်ဖောက်ပြီး လွတ်မြောက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တဦး တိုက်ပွဲဝင်ရင်းကျဆုံး
- လေယာဉ်နဲ့လာပစ်တာကို ကျနော်တို့က လက်လုပ်သေနတ်တွေနဲ့ ခုခံနေရတာပါ ဆိုတဲ့ PDF တွေရဲ့ စကားသံ
- တဖွဲ့လုံးမှာ သေနတ် ၂ လက်ပဲရှိတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ရင်း ၆
- အကသ ကျောင်းသား ၁ ဦးအပါအဝင် နိုင်/ကျဉ်း ၂၀ ကျော်ကို ပြည်ခရိုင်အထူးတရားရုံးက အကြမ်းဖက်ဥပဒေဖြင့် ထောင် ၁၀ နှစ်စီချ လိုက်တဲ့ သတင်းတွေပါဝင်ပါတယ်။
 
				