ပုတီးကုန်းမှာ နေအိမ် ၃ လုံးမီးလောင်ပြီး ကျပ်သိန်း ၅၀၀ ၀န်းကျင်ဆုံးရှုံး

0 5
0 5

ပုတီးကုန်း၊ ဧပြီ ၆၊ ၂ဝ၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့မှာ ဧပြီ ၆ ရက် ဒီနေ့မနက် ၁၁ နာရီကျော်မှာ နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပုတီးကုန်းမြို့၊ သုခဝေဖြာရပ်ကွက်၊ သီရိဇေယျာ ၁ လမ်းရှိ နှစ်ထပ်ပျဉ်ထောင်သွပ်မိုးအိမ်ကနေ စတင်မီးလောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

“အိမ်ပိုင်ရှင်တွေက အိမ်မှာမရှိကြဘူး။ အလှူကို သွားနေတာ၊ အိမ်ထဲကနေ မီးခိုးငွေ့တွေ ထွက်နေလို့ အနားက လူတွေက လှမ်းအော်တာ၊ မကြားလို့ တံခါးတွေဖျက်ပြီး မီးသတ်ဖို့လုပ်တော့ မနိုင်တော့ဘူး။ အနားက အိမ်၂ လုံးကိုပါ ဆက်ကူးသွားတာ။” လို့ ပုတီးကုန်းမြို့ခံတဦးက ပြောပါတယ်။

ဒီမီးလောင်မှုကို ပုတီးကုန်း၊ သဲကုန်းနဲ့ ပေါင်းတည်မြို့နယ် မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၀င်တွေက ၁၅ မိနစ်လောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေကတော့ စုစုပေါင်းခန့်မှန့် ကျပ်သိန်း ၅၀၀ နဲ့အထက် ဆုံးရှုံးနိုင်ပြီး လူနဲ့တိရိစ္ဆာန်တွေ ထိခိုက်မှုမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက် မနက် ၄ နာရီလောက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရေကျော်အုပ်စု၊ ရေကျော်ရွာမှာ ပေါ့ဆမီးကနေ မီးလောင်ကျွမ်းတဲ့အတွက် နေအိမ် ၄ လုံး ပျက်စီးခဲ့ပါသေးတယ်။

ဓါတ်ပုံ – ပေါင်းတည်အရန်မီးသတ်။

သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။