ကန့်ဘလူနယ်က ကျေးရွာ ၃ ရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦးသေ ၄ ဦးဒဏ်ရာရ

0 17
0 17

ကန့်ဘလူ၊ အောက်တိုဘာ ၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းရှည်၊ ထန်းတောနဲ့ အုန်းခြောက်လုံးရွာတွေ ဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရတယ်လို့ ကန့်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ ရွှေဘိုတောင်ဘက်မုခ်ကနေ တက်လာတဲ့ အသေခံဒရုန်း ၂ စီးနဲ့ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ကန့်ဘလူမြို့နယ်၊ ချောင်းရှည်၊ အုန်းခြောက်လုံးနဲ့ ထန်းတောကျေးရွာတွေကို ဗုံး ၆ လုံးကြဲချပြီး ရော့ကက်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ချောင်းရှည်မှာဆို စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းက တော်တော်ထိတယ်။ အဲဒီရွာနဲ့ ၂ မိုင်လောက်ကွာတဲ့ တောတိုက်ထဲမှာဆို တဲတွေစုတ်ပြတ်သတ်သွားတာ။ ဆူဆိုက်ဒရုန်း ၂ စီးဆို ထန်းတောရွာကို ချတာ။ ဖိုက်တာ ၂ စီးဆို ကပ်ပြီးတော့ ပစ်တာ”လို့ ကန့်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ်၊ ချောင်းရှည်ကျေးရွာမှာ စာသင်ကျောင်းအပါအဝင် ပျက်စီးမှု မြင်ကွင်းများ

အဆိုပါ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ကချောင်းရှည်ကျေးရွာ (ဒေသအခေါ် ) သီကြာတောတိုက် (ယာတောအိမ်တွေစုပေါင်းထားတဲ့ တဲစု) မှာနေတဲ့ အသက် ၃၀ ကျော်အရွယ် မသန်းသန်းဝင်းမှာ ​နေရာမှာသေဆုံးပြီး၊ မနှင်းနှင်းကြိုင်မှာ ဆေးရုံပို့ချိန် သေဆုံးသွားကာ အသက် ၁၆ နှစ်အရွယ် မောင်ဇွဲခန့်ဦးနဲ့ အသက် ၇၀ နှစ်အရွယ် ဒေါ်တင်သန်းတို့ ဒဏ်ရကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ် ၈ လုံး ပျက်စီးသွားပါတယ်။

ဒီ့အပြင် အုန်းခြောက်လုံးရွာက အသက် ၄၉ နှစ်အရွယ် ဒေါ်ချိုပြုံးနဲ့ အသက် ၆၄ နှစ်အရွယ် ဒေါ်ပြုံးတို့ ဒဏ်ရရခဲ့ပြီး နေအိမ် ၃ လုံး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့ ပျက်စီးသလို ထန်းတောရွာက နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ပါတယ်။

ပုံစာ – လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ်၊ ချောင်းရှည်ကျေးရွာမှာ စာသင်ကျောင်းအပါအဝင် ပျက်စီးမှု မြင်ကွင်းများ

အောက်တိုဘာ ၃ ရက်နေ့ ည ၁၀ နာရီခန့်မှာတော့ ချောင်းရှည်ရွာကျေးရွာ အနောက်ဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးထပ်မံကြဲချခဲ့ရာ နေအိမ် ၃ လုံး ထပ်မံပျက်စီးခဲ့ပါတယ်။

ဗုံးကြဲခံရပြီးနောက် ကျေးရွာနေပြည်သူတွေဟာ ရွာလုံးကျွတ်ထွက်ပြေးရပြီး အောက်တိုဘာလ ၅ ရက်နေအထိ အနည်းအကျဥ်းလောက်သာ ကျေးရွာထဲကို ပြန်ဝင်ရဲသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကန်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄ ဦးက သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။