ပေါက်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ၂ ဦးသေဆုံး

0 0
0 0

ပေါက်၊ အောက်တိုဘာ ၃၊ ၂၀၂၆။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ခွေးအတွင်းကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ မြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၂ ရက်ညနေ ၅ နာရီခန့်မှာ စစ်တပ်ဘက်က စက်တပ်လေထီး ၃ စီးနဲ့ ကျေးရွာအနီးဝန်းကျင်ကို ဗုံး ၆ လုံးကြဲချသွားတယ်လို့ ဆိုပါတယ်။

“ကျတာက ရွာအနီးစပ်ကိုကျတာ။ ဗုံးကျတဲ့ နားမှာက စကားထိုင်ပြောနေကြတာလား ဘာပွဲလုပ်နေတယ်ဆိုတာတော့ သေချာတော့ မမေးလိုက်ရဘူး။ ဘာကို သတင်းရပြီး လာချတာလို့တော့ မသိရဘူး”လို့ ပေါက်မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးကျပေါက်ကွဲတာကြောင့် အသက် ၃၀ ဝန်းကျင်နဲ့ အသက် ၅၀ ကျော်အမျိုးသား ၂ ဦးတို့သေဆုံးပြီး အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၄ ဦးလည်း ဒဏ်ရာရပြီး ဖုန်းဆက်သွယ်ရ ခက်ခဲလို့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

ဗုံးကြဲခံရပြီးနောက်မှာတော့ ကျေးရွာအတွင်းနေပြည်သူတွေ ယာယီထွက်ပြေးတိမ်းရှောင်ကြတာမျိုးရှိပြီး အောက်တိုဘာလ ၃ ရက်မှာတော့ ရွာထဲကို အချို့ပြန်ဝင်လာကြပြီလို့ သိရပါတယ်။

စက်တင်ဘာလ ၂၇ ရက်ကလည်း မကွေးတိုင်း၊ ဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။