⁩ ⁨အဌားယာဉ်မောင်းတဦး အမြန်လမ်းဘေးမှာ ရိုက်နှက်သတ်ဖြတ်ခံရ

0 1
0 1

မိတ္ထီလာ၊ စက်တင်ဘာ ၇၊ ၂၀၂၆။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မိုင်တိုင် ၂၇၉ အနီးမှာ ရိုက်နှက်သတ်ဖြတ်ခံထားရတဲ့ အမျိုးသား အလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါတယ်။

သတ်ဖြတ်ခံထားရသူဟာ ဇဗ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာ နေထိုင်သူ အဌားယာဉ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကိုဆိုသူဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့ညနေ ၅ နာရီခန့်မှာ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကန်ကြီးကုန်းရွာက ကောက်စိုက်ပြန်လာသူတွေက တွေ့တာ။ အဲတော့သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ အဲဒီကနေတဆင့် ရဲကိုအကြောင်းကြားလို့ သိကြရတာ။ “လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးကပြောပါတယ်။

အလောင်းကိုတွေ့ရှိချိန်မှာ သေဆုံးသူရဲ့ ဝဲဘက် ဦးခေါင်းဂျိုစောင်းမှာ ရိုက်နှက်ခံထားရလို့ ဦးခေါင်းခွံကြေမွ ပေါက်ပြဲဒဏ်ရာ၊ ယာဘက် မျက်လုံး ညိုမဲဖူးရောင် ဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ အလောင်းကိုတော့ လူမှုကူညီရေးအသင်းက ကောက်ယူပြီး မိတ္ထီလာပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အဆိုပါ မနက်ပိုင်းမှာပင် ကားဌားသူရှိတာကြောင့် နေအိမ်ကနေ ကားနဲ့အတူ ထွက်သွားပြီးနောက် အဆက်အသွယ် မရတာကြောင့် မိသားစုက ရဲတပ်ဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခဲ့ရာမှ ပျောက်ဆုံးသူနဲ့ သေဆုံးသူရဲ့ ပုံစံအချက်အလက်တွေ ကိုက်ညီနေတာကြောင့် သေဆုံးသူဟာ ကိုဝင်းကိုဖြစ်တာကို အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုဝင်းကိုနဲ့အတူ ပါသွားတဲ့ 9Q/4825 Hyundai Accent အမျိုးအစား ကားမှာလည်း ပျောက်ဆုံးနေပြီး စက်တင်ဘာလ ၇ ရက်နေ့မနက်ပိုင်းအထိတော့ တရားခံတွေကို ဖမ်းလို့မမိသေးဘူးလို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။