myaelatt athan

Sharing Information to the Local

မန်စီးတီးကိုဂိုးပြတ်သွင်းပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်သွားတဲ့ ရီရဲလ်မက်ဒရစ် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် Play off ပွဲစဉ်မှာ ရီရဲလ်မက်ဒရစ်က မန်ချက်စတာစီးတီးကို နှစ်ကျော့လုံး အနိုင်ကန်ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Play off ဒုတိယအကျော့မှာတော့ မက်ဒရစ်အိမ်ကွင်းမှာ အမ်ဘာပေရဲ့ ဟက်ထရစ် သွင်းဂိုးတွေနဲ့အတူ ၃-၁ ရလဒ်နဲ့ မန်စီးတီးကို အနိုင်ရရှိခဲ့တာပါ။ ပထမအကျော့ မန်စီးတီးအိမ်ကွင်းမှာလည်း ၂-၃ နဲ့ ရီရဲလ်မက်ဒရစ်က နိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၆-၃ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

လာလီဂါမှာ အငြင်းပွားဖွယ်အနီကဒ်နဲ့ သရေရလဒ်ကြောင့် အဆင့် ၁ နေရာကနေ ဖယ်ပေးခဲ့ရတဲ့ ရီရဲလ်မက်ဒရစ်ဟာ ဒီပွဲမှာတော့ ကစားကွက်အသာ ဂိုးအသာနဲ့ မန်စီးတီးကို အပြတ်အသတ် ချေမှုန်းခဲ့တာပါ။ ဒီပွဲမှာ ရခဲ့တဲ့ ဟက်ထရစ်သွင်းဂိုးကြောင့် တိုက်စစ်မှူး အမ်ဘာပေအနေနဲ့လည်း ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုး ၇ ဂိုးအထိ ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကတော့ ပရီးမီးယားလိဂ်မှာလည်း လက်ရှိ အဆင့် ၄ နေရာအထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်တောင် မရောက်နိုင်ဘဲ စောစောစီးစီး အိမ်ပြန်ခဲ့ရပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် တနင်္ဂနွေညမှာ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၁ နေရာက လီဗာပူးလ်နဲ့ ရင်ဆိုင်ရဦးမှာဖြစ်လို့ အဲ့ဒီပွဲဟာလည်း မန်စီးတီးတို့အတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာဦးမလား ကြည့်ရမှာပါ။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် Play off မှာ အနိုင်ရရှိခဲ့ကြတဲ့ ဖီယင်နု၊ ကလပ်ဘရုဂ်၊ ဘိုင်ယန်၊ ဘင်ဖီကာ၊ ဒေ့ါမွန်၊ ပီအက်စ်ဂျီ၊ ပီအက်စ်ဗွီ နဲ့ ရီရဲလ်မက်ဒရစ်တို့ကတော့ ၁၆ သင်းအဆင့်ကို တက်လှမ်းခဲ့ကြပါပြီ။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲပွဲကိုတော့ ဖေဖော်ဝါရီ ၂၁ ရက် သောကြာနေ့မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ 

Photo – Real Madrid C.F.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။